ဆောင်းရာသီဘွဲ့ ပိုဒ်စုံရတု

ဆောင်းရာသီဘွဲ့ ပိုဒ်စုံရတု
by ပြည် နဝဒေးကြီး

မနွဲ့ချစ်ခင်၊ သို့ကိုစင်လျက်၊
သခင်ဘယ်ကြောင့်၊ အလွမ်းနှောင့်၍၊
မဖြောင့်ရှိလျက်၊ လကိုတွက်မူ၊
ဝါရက်ကုန်ကျွန်း၊ ဗြိစ္ဆာလှမ်းက၊
ဆန်းတန်ဆောင်မုန်း၊ ချမ်းစိမ့်တုန်းဝယ်၊
မိုးလုံးထိန်ဝါ၊ ကြတ္တိကာလျှင်၊
ယှဉ်လာစမြဲ၊ ပန်းခဝဲတို့၊
ခါပွဲချိန်သင့်၊ ညီစေပွင့်သို့။ ။
ထပ်ဆင့်နတ်တော်၊ ဆန်းလာပေါ်က၊
မပျော်ယခု၊ ချမ်းသာလု၍၊
ဓနုရာသီ၊ မိုးတိမ်ဆီဝယ်၊
မိဂသီလျှင်၊ ရောင်မြူးရွှင်သော်၊
သဇင်ပွင့်ခိုင်၊ တောလုံးကြိုင်မျှ၊
ဂနိုင်ထိုထို၊ မြို့လုံးစိုက။ ။
ပြာသိုမကာရ၊ ဆန်းသည်မှကား၊
ဖုသျှကြယ်နှင့်၊ ခန့်တော်သင့်၍၊
ပွင့်ခွာညိုနွယ်၊ ရိုးတန်သွယ်နှင့်၊
မိုးလယ်ဝေမှုံ၊ နှင်းဖုံဖုံနှင့်။ ။
ကုံရာသီထဲ၊ တပို့တွဲကို၊
ပေါက်လဲပွင့်စ၊ ကြယ်မာဃတို့၊
ရွှေလဘုံနန်း၊ ယှဉ်ပြိုင်သန်း၍
ချမ်းမကုန်သေး၊ နောင်ချည်းကွေးသည်။ ။
ဧမြဟေမန်ကြူးတော့သည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse