ဆွမ်း, ပန်း, ရေချမ်း, ဆီမီးကပ်လှူပုံ

ဆွမ်း, ပန်း, ရေချမ်း, ဆီမီးကပ်လှူပုံ
by အမည်မသိ
325753ဆွမ်း, ပန်း, ရေချမ်း, ဆီမီးကပ်လှူပုံအမည်မသိ

ဆွမ်း, ပန်း, ရေချမ်း, ဆီမီးကပ်လှူပုံ edit

အရဟတာဒိ နဝဂုဏေဟိ၊ အရဟံအစ ဘဝဝါအဆုံး ရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်။ သမ္ပန္နာဂတံ၊ ပြည့်စုံသောမူထသော။ နာထံ၊ လူနတ်တို့၏ကိုးကွယ်ရာ ဖြစ်တော်မူသော။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ၊ ရည်မှန်း ၍။ စေတီယဿ၊ ဓာတုစေတီ, ဓမ္မစေတီ, ပရိဘောဂစေတီ, ဥဒ္ဒိဿစေတီတော်မြတ်အား။

ဆွမ်းတော် edit

ဝဏ္ဏဂန္ဓရသသမ္ပန္နံ၊ အဆင်း အနံ အရသာနှင့် ပြည်စုံသော။ ဣမံ ပိဏ္ဍပါတခါဒနိယ ဘောဇနိယံ၊ ဤဆွမ်း ခဲဖွယ်ဘောဇဉ် ချိုချဉ်အရသာ အဖြာဖြာတို့ကို။

ပန်းတော် edit

ဝဏ္ဏဂန္ဓသမ္ပန္နံ၊ အဆင်း အနံနှင့်ပြည်စုံသော။ ဣမံ ပုပ္ဖံ၊ ဤပန်းကို။

ရေချမ်းတော် edit

ဝဏ္ဏဂန္ဓရသသမ္ပန္နံ၊ အဆင်း အနံ အရသာနှင့် ပြည်စုံသော။ ဣမံ ဥဒကံ၊ ဤသောက်တော်ရေချမ်းကို။

ဆီမီးတော် edit

ပဘာဝဏ္ဏေဟိ၊ အရောင်အလင်းတို့ဖြင့်။ အန္ဓကာရံ၊ အမိုက်မှောင်ကို။ ဝိနာသကံ၊ ပယ်ဖျောက်တတ်သော။ ဣမံ ပဒီပံ၊ ဤဆီမီးကို။

သက္ကစ္စံ- ရိုရိုသေသေ။ ဒေမိ- နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား။ ပူဇေမိ- နိဗ္ဗာန်ကိုမျှော် ပူဇော်ပါ၏ အရှင်ဘုရား။

ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။

မေ- တပည့်တော်၏။ ဣဒံ ပုညံ- ဤကောင်းမှုသည်။ အာသဝက္ခယာဝဟံ- အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန် ကြောင်းဖြစ်သော မဂ်ဉာဏ်,ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို ဧကန် ရောက်အောင် ရွက်ဆောင်နိုင်သည်။ ဟောတု- ဖြစ်ပါစေသတည်း။

ဆွမ်းလှူအကျိုး ၅-ပါး edit

သက်ရှည်,ဆင်းလှ၊ ချမ်းသာရ၊ ဗလ,ဉာဏ်ပညာ။

ဆွမ်းလှူအကျိုး၊ ဤငါးမျိုး၊ တန်ခိုးကြီးလှစွာ၊ ၊

ပန်းလှူအကျိုး ၃-ပါး edit

ပန်းလိုလှပ ဘဝရုပ်ရည်၊ ခန္ဓာကိုယ်တွင်း သန့်ရှင်းပေသည်။

နံစော်ကင်းလို့ ခံတွင်းမွှေးကြည်၊ ပန်းလှူကျိုး သုံးမျိုးရနိုင်သည်။

ရေလှူအကျိုး ၁၀-ပါး edit

သက်ရှည်,ဆင်းလှ၊ ချမ်းသာရ၊ ဗလ,ဉာဏ်ပညာ။

စင်ကြယ်သန့်ရှင်း၊ ကျော်စောခြင်း၊ ခပင်းခြွေရံကာ။

ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရေကျိုးလာ။

မီးလှူအကျိုး ၂-ပါး edit

ဘုရားရှင်အား စိတ်ထားကြည်ဖြူ၊ ဆီမီးလျှပ်ပန်း လှူဒါန်းသောသူ။

စက္ခုမံသ, ဉာဏနှစ်ဆူ၊ ကြည်လင်၏ ဖြစ်ဘိဉာဏ်ကြီးသူ။

မံသစက္ခု= ပကတိမျက်လုံး ကြည်လင်အားကောင်းခြင်း။

ဉာဏစက္ခု= အသိဉာဏ်မျက်လုံး အားကောင်းခြင်း။