နိပါတ်ရှုပ် တေးထပ်

နိပါတ်ရှုပ်
by စလေ ဦးပုည

နှစ်ပြည်ထောင် တယ်ကြ
အလယ်ကကျောင်းဆောင်၊
အနားက ဝေပူတောင်ငယ်
ရွှေဂူချောင်အကွေ့။
မင်းကြီးနဲ့ကိန္နရာ ဣန္ဒာပါထွက်တဲ့ရသေ့။
သုဗဏ္ဏရာဇာ နာဂါနဲ့အတွေ့။
ထောင်ဂုမ္ဘာန်ရံကြွေ့လို့ စံမွေ့တဲ့ဂူတော်။
တပသီဖေဂျီဝိတ်ကယ်တို့။
စံတည်စိတ်မြန်းကြဟေမော်။
လင်းကြက်ဖြင့် အတန်ဆော်ပြီ
ဘယ်ဇာတ်တော်လေမှန်းမသိ။
အခန်းခန်းအပြေပြေ များနိုင်ကြပေ။
နိပါတ်နယ်ရှုပ်ရှာလေသည် ။
အရုပ်တွေပြည်ဖုံးနှင့်လေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse