ပြည်တော်ပြန်လွမ်းချင်း

ပြည်တော်ပြန်လွမ်းချင်း
by လှိုင်ထိပ်ခေါင်တင်
လှိုင်ထိပ်ခေါင်တင်၏ ဝိဇယကာရီ နန်းတွင်းဇာတ်တော်ကြီး ပဉ္စဝီသတိတွဲမှ

မြိုင်တစ်သန့်မှာတဲ့၊ ကြိုင်နံ့ငယ်ဂန္ဓမာ၊
လှိုင်နံ့ငယ်ဖြာသည်၊ ခိုင်ရွှေညှာ ဂေါ်ငုံက၊
ကိုက်မှုံသင်းပြန်တော့တယ်လေး ။ ။

ငွေစံပယ်၊ နန်းမယ် ဆင်ခွင့်၊
ခါတော်မှီ ပွင့်ရှာတဲ့၊
လေးခင့် မိတ်နှံ၊ ပြည်တော်ပြန်၊
လွမ်းရန်စုံစုံ၊ မြူခြည်ဆိုင်းလို့၊
ရှစ်တိုင်းမှာ မှုန်သော့ခါ၊
ရွှေဘုံကြော့ မဏ္ဍလာမှာ၊
ရော်ရမ်းခါ ဘယ်ဆီမှန်းငယ်လို့၊
လမ်းသိပြီလေး ။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse