ပြုံးမိတယ် လွမ်းချင်း

ပြုံးမိတယ် လွမ်းချင်း
by ဦးကြီး

လယ်ကညို့ငယ်နှင့်၊ မယ်တို့ရဲ့တောရွာ။
ကောက်ငန်းငယ်သာ၊ သင်းပြာပြာဝေခတောက်ကယ်နှင့်၊
လေသောက်ရာထုံကြူ၊
မစုံသူ ဖော်မလွမ်းသော်ကော့၊
ကန်စွန်းငယ် ရေဖောင်ဆင်လို့၊ ယဉ်လှတယ်လေး။ ။

စစ်စလီငယ်၊ ပြာပီရေကြက်၊ မောက်တင်ငှက်တို့၊
လယ်ကွက်တခို၊ ရိုးကျလျှိုက၊ လူလိုပဲကြင်၊
မယ်နှစ်မလွမ်းစထွင်လို့၊ မရွှင်နေကုန်၊
သည်တဝှမ်းမှာလ၊ အလွမ်းသာဆုံတော့၊
ဖော်မစုံတကိုယ်မှာ၊ ရွှေမိုးညို ပတ်ကာချုန်းပါလို့၊
ပြုံးမိတယ်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse