မဟာရစ်စေတီ ကျောက်စာ

မဟာရစ်စေတီကျောက်စာ  (သက္ကရာဇ် ၆၂၂) 
by ဖုန်းမြတ်ကြီးသမန္တဘဒြာမဟာထေရ်

၁၊၂၊၁၄၅၊၁။
“။ ။သကရစ် ၆၂၂ခု ကြတိုက်နှစ် တပိုဝ္အ်ထွယ်လ္ဆန် ၁၂ ရျက် သုကြာနိယ် ကွန်မြင်ထက်၊ ညနိယ်တာŸမူသော၊ သျာသူမ္လိယ်၊ ဆင်
ကွတ်၊ သရအိုင် ကြည်မ္လိယ်ကိုဝ်၊ ရွာသူကြိတိုဝ္အ် အနိုင်အထက် အခွန်တောင်၏ဟု၊ ဖုန်မ္လတ်ကြိစွာကိုဝ် အဆွယ်တိုဝ် ကြာလေရကာ။
ဖုန်မ္လတ်ကြိစွာ သမန္တဘဒ္ဒြါ မဟာထေရလေ၊ သူခမိန် သာကိုဝ် နာတဝ်လျှောက်စိယ်ရကာ၊ မိန်တာŸမူ၏၊ သျာသုမ္လိယ် သိကြည်မ္လိး
ယ်ကိုဝ်ကာ၊ အခွန်မတောင်စိယ်ဟု မဟာသ္မန်ကိုဝ် မိန်တာŸ မူ၏။ မဟာသ္မန်လေ ထွယ်တာŸတိုင်လျှင် စာချု
ပ်၏၊ အမိပုရှာစŸလေ က္လိယ်သူကြိဖ္လစ်ရကာ၊ မင်ကြိလွှတ်တဝ်မူသော၊ ဆင်ကွတ်၊ သရအိုင်၊ မ္လိယ်း
ကာ၊ သျာသူမ္လိယ် ဟုတ်စင်လေါဝ်ဟု၊ ဆင်ကွတ်သူကြိမစန္တရဇ်၊ သရအိုင်သူကြီ ဓမ္မသိင်္ခာတိုဝ်နှိုက် မိယ်စိ
ယ်သောတေ၊”

[သက္ကရာဇ် ၆၂၂ ခု ကြတ္တိကာနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်၊ သောကြာနေ့ ကွန်းမြင့်ထက် ညနေတော် မူသော သာသူမြေဆင်ကွတ်၊ သရအိုင်ကြည်းမြေကို ရွာသူကြီးတို့ အနိုင်အထက် အခွန်တောင်း၏ဟု ဖုန်း မြတ်ကြီးစွာကို အဆွေတို့ကြားလေရကား ဖုန်းမြတ်ကြီး စွာ သမန္တဘဒြာမဟာထေရ်လည်း သုခမိန်သားကို နား တော်လျှောက်စေရကား မိန့်တော်မူ၏။ ယျာသူ့မြေသီး ကြည်းမြေကိုကား အခွန်မတောင်းစေဟု မဟာသမန်းကို မိန့်တော်မူ၏။ မဟာသမန်းလည်း ထွေတော်တိုင်းလျှင် စာချုပ်၏။ အမိဖုရားစောလည်း ကျေးသူကြီးဖြစ်ရကား မင်းကြီးလွှတ်တော်မူသော ဆင်ကွတ်၊ သရအိုင် မြေကား ချာသူမြေဟုတ်စင်လောဟု ဆင်ကွတ်သူကြီး မစန္တရာစ်၊ သရအိုင်သူကြီး ဓမ္မသိင်္ခါတို့၌ မေးစေသတည်း။]

၁၊၂၊၁၄၅၊၂။
၁၀ ...“ဆင်ကွတ်
၁၁ ၊သရအိုင်၊ သျာသုမ္လိယ် သိကြည်မ္လိယ်ကိုဝ်၊ နောင်ရွာသုကြီ ကံကုန်စခီ အမတ္တျာတိုဝ် ဖျက်ဆိ
၁၂ ရုယ် အခွန်တောင်စရစ်မူကာ၊ မ္လိယ်ကြီကာအထက် ကိုဝ်ကာဩက်အဝစိယ်လျှင် ကျက်စိယ်သေ
၁၃ တ၊ အကံဖာဖာသော ပုရှာအဖ္လစ်တိုဝ်ကိုဝ်လေ မဖူစိယ်သတေ၊ ကိုဝ်အလုံမ္လိယ်ကြီ မ္လျိုဝ်သ
၁၄ အဖ္လစ်သိုဝ် ရောက်စိယ်သတေ၊ လါလိယ်ရရာ ချံသာမဟိ ဆင်ရယ်တိသောကိုဝ်အဖ္လစ်သည်ဖ္လ
၁၅ စ်စိယ်သတေ၊”

[ဆင်ကွတ်၊ သရအိုင် ချာသူမြေသီးကြည်းမြေကို နောင် ရွာသူကြီး၊ ကံကုန်စာချီ၊ အမတ်ရာတို့ဖျက်ဆီး၍ အခွန် တောင်းစားရစ်မူကား မြေကြီးကားအထက်၊ ကိုယ်ကား အောက်အဝီစိလျှင် ကျက်စေသတည်း။ အကမ္ဘာဘာ သောဘုရားအဖြစ်တို့ကိုလည်း မဖူးစေသတည်း။ ကိုယ် အလုံး မြေကြီးမျိုသောအဖြစ်သို့ရောက်စေသတည်း။ လားလေရာရာ ချမ်းသာမရှိ ဆင်းရဲတိသောကိုယ် အဖြစ်သည် ဖြစ်စေသတည်း။]

၁၊၂၊၁၄၅၊၃။
၁၇ ...“ဣသိုဝ်ငာလုံလမူရုယ် မင်ကြီနှင် အ
၁၈ မိပုရှာစŸ ရိယ်စင်တာŸခ္လရုယ် လှူတာŸမူသောမ္လိယ်ကိုဝ် မိပုရှာစŸနောင်အစန်စန်သော ရွာသုကြီ၊ ကံကုန်
၁၉ စခီ အမတျာတိုဝ် မထိမထောင်စိယ်ဟု အရိယ်အရံယူရစ်သောသူကာ လူဖ္လစ်ကျင် နတ်ဖ္လ
၂၀ စ်ကျင် သတ္တွာဖ္လစ်ကျင် ဆင်ရယ်မည်သောအမှတ်မသိသောကိုဝ်အဖ္လစ်သည် ဖ္လစ်စိယ်သ
၂၁ တေ၊ လါရရာကာ စည်စီအသ္ခီင်လျှင် ဖ္လစ်စိယ်သတေ၊ လူအဖ္လစ် နတ်အဖ္လစ် ဖ္လစ်ပြိမူး
၂၂ ကာ ဆင်ရယ်မေယ်သော စိုဝ်ရိမ္မ်ယ်သော မကွုယ်မကင် တတ်သော နိယ်ရပန်ပြည်လျှင်
၂၃ လါရစိယ်သတေ၊ မင်ကြီအငှူမူသော အမိပုရှာကာ နတ်ချင်မတူသော လူချင်မတူေ
၂၄ သာအဖ္လစ်နှိုက် ဖ္လစ်စိယ်သတေ၊”

ဤသို့ငါလုံ့လမူ၍ မင်းကြီးနှင့် အမိဖုရားစော ရေစင် တော်ချ၍ လှူတော်မူသောမြေကို နောင်အစဉ်စဉ်သော ရွာသူကြီး၊ ကံကုန်၊ စာချီ၊ အမတ်ရာတို့ မထိ မထောင်းစေဟု အရေးအရံယူရစ်သောသူကား လူ ဖြစ်ကျင်၊ နတ်ဖြစ်ကျင်၊ သတ္တဝါဖြစ်ကျင် ဆင်းရဲမည် သောအမှတ်မသိသော ကိုယ်အဖြစ်သည် ဖြစ်စေသတည်း။ လားရာရာကား စည်းစိမ်အသခင်လျှင် ဖြစ်စေသတည်း။ လူအဖြစ်၊ နတ်အဖြစ် ဖြစ်ပြီးမူကား ဆင်းရဲမဲ့သော၊ စိုးရိမ်မဲ့သော၊ မကွေမကင်းတတ်သော နေရပန်ပြည် လျှင် လားရစေသတည်း။ မင်းကြီးအမှူးမူသော အမိ ဖုရားကား နတ်ချင်းမတူသော လူချင်းမတူသော အဖြစ်၌ ဖြစ်စေသတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse