ရိုးတလျှောက် လေးချိုး

ရိုးတလျှောက်
by အမည်မသိ ရှေးစာဆို

ရိုးတလျှောက်၊
ဖြိုးမောက်ပါတဲ့ လည်ပတူ။

အရွက်ချွန်း၊
ကန်စွန်းပုစွန်စာနဲ့၊
လွန်တရာ ကညို့ပေါတယ်၊
တောဖြစ်လို့ထူ။

မှိုနတို ငွေရောင်ဖျော့ငယ်နှင့်၊
ရွှေကနဖော့ကြာရိုးဖြူ၊
ချိုးယူလို့ မကုန်ခမ်း။

ပတ္တမြားရောင်၊
ဖားကပေါင်သံလွင်လွင်နှင့်၊
ရွှေညံပင် ရှုပ်မရှင်းတယ်၊
ကွင်းပြည့်ကမန်း။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse