ရောင်ခြည်တော်ဖွင့် ဘုရားပင့်-၅

ရောင်ခြည်တော်ဖွင့် ဘုရားပင့်-၅
by အရှင်ဇနကာဘိဝံသ
324427ရောင်ခြည်တော်ဖွင့် ဘုရားပင့်-၅အရှင်ဇနကာဘိဝံသ

(တစ်ဦးတည်းရွတ်ဆိုရန်)

နီလာယော နီလဋ္ဌာနမှာ၊ ပီတောဒါတာ စ လောဟိတာ။

တမှာ တမှာ စ မဉ္ဇိဋ္ဌာ၊ နိက္ခမိသု ပဘဿရာ။

ယဿ ဘဂဝတော- အကြင်ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။

နီလဋ္ဌာနမှာ- ဆံမုတ်ဆိတ်တော် မျက်နှာတော်မှ စ၍ထိုထို ညိုရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ။

နီလာယော- နီလာရွဲညို ဖဲအညိုနှင့် ကြာညိုပွင့်ချပ် မြညိုယပ်သို့ လျှပ်လျှပ်စိုပြောင် ညိုမှောင် သော ရောင်ခြည်တော်တို့သည်။

နိက္ခမိံသု- ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။

ပီတဋ္ဌာနမှာ- ကိုယ်အရေတော် မျက်လုံးတော်မှ စ၍ထွေထွေ ရွှေရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ၊

ပီတာ စ- ရွှေနှစ်သိင်္ဂီ ရွှေအထည်နှင့် ရွှေရည်ယဉ်သန်း ရွှေစင်ပန်းသို့ လျှမ်းလျှမ်းထိန်ဝေ ဝါရွှေသော ရောင်ခြည်တော်တို့သည်လည်း။

နိက္ခမိံသု- ဝန်းကျင်အောင်ထက် ဝဲယာယှက်၍ မြန်းထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။

ဩဒါတဋ္ဌာနမှာ- အရိုးတော် သွားတော် မျက်ဖြူတော်မှ စ၍ဖွေးလူ ဖြူ ရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါ တော်အစိတ်စိတ်မှ။

ဩဒါတာ စ- ငွေလရောင်ခြည် ငွေအထည်နှင့် ငွေရည်ယဉ်သန်း ငွေစင်ပန်းသို့ လျှမ်းလျှမ်း ဖွေးလူ ဖြူဝင်းသောရောင်ခြည်တော်တို့သည်လည်း။

နိက္ခမိံသု- ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။

လောဟိတဋ္ဌာနမှာ- အသားတော် အသွေးတော် နှုတ်ခမ်းတော်က စ၍ ထိုဤ နီရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါတော်အစိတ်စိတ်မှ။

လောဟိတာစ- ကမ္ဗလာနီ သန္တာနီနှင့် ကြာနီပွင့်ချပ် ပတ္တမြားယပ်သို့ လျှပ်လျှပ်ထိန်ကြည် နီသောရောင်ခြည်တော်တို့သည်လည်း။

နိက္ခမိံသု- ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။

တမှာ တမှာ- လက်, ခြေ ဖဝါးတော် လက်သည်းတော်က စ၍ခပင်း မကြွင်းထိုထို ကိုယ်အင်္ဂါ တော် အစိတ်စိတ်မှ။

မဉ္ဇိဋ္ဌာ စ- ထန်းကျင့်နီပဆေး ပန်းရောင်သွေးနှင့် နီတွေးလွင်လွင် ဝါကျင်ကျင်လောင်း မောင်းသောရောင်ခြည်တော်တို့သည်လည်း၊

နိက္ခမိံသု- ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။

ပဘဿရာ စ- နဘံ အဇဋာ ဝသန္တာဝယ် သံဝါထစ်ချုန်း မိုးရွာတုန်း၌ ရုန်းရင်းပြက်သန်း လျှပ်စစ်ပန်းသို့ ပျံမြန်းပြိုးပြက် တလက်လက်ထွက်သော ရောင်ခြည်တော်တို့ သည်လည်း။

နိက္ခမိံသု- ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။

သော ဘဂဝါ- ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွတ်ရုံး အထွတ်ဆုံးဖြစ်တော်မူသော ထိုရှင်တော်မြတ်ဘုရားသည်။

မေ အမှာကံ- ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ် သမုတ် အကျွန်ုပ်တို့၏။

သိရေ = သိရေသု- ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း ဦးခေါင်းတွင်ခေါ် တောင်ထွတ် ပေါ်တို့၌။

ဌာတု- ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ သုံးလောက ကေသျှောင် ရွှေဘုန်းခေါင်ကိုယ်တော်မြတ်ကြီးဘုရား။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse