လမင်းပမာဗုဒ္ဓဝန္ဒနာ ဘုရားရှိခိုးဂါထာ

လမင်းပမာဗုဒ္ဓဝန္ဒနာ ဘုရားရှိခိုးဂါထာ
by အမည်မသိ
324175လမင်းပမာဗုဒ္ဓဝန္ဒနာ ဘုရားရှိခိုးဂါထာအမည်မသိ

စန္ဒိမာ စန္ဒဘာဝေန စန္ဒိမာ ရံသိမာ ဇိနော၊

စန္ဒိမာ ဧကိဘာဝေန စန္ဒိမံ တံ နမာမဟံ။

ယော ဇိနော၊ ငါးပါးရန်ငုတ် မာရ်အယုတ်ကို တမုဟုတ်ခြင်း ပယ်ရှင်းအောင်မြင် အကြင်သို့သော ဘုရားရှင်သည်။ စန္ဒဘာဝေန၊ ချမ်းသာအေးမြ ဓမ္မောဇကို ဟောပြ မိန့်ခြွေ ပေးဝေတော်မူတတ်သော အကြောင်းရင်းကြောင့်။ စန္ဒိမာ၊ ရှုသူမြင်သူ အပူ အေးချမ်း လစန်းသဖွယ်ဖြစ်တော်မူပါပေ၏ ။ ရံသိမာ၊ ဘဝင်နှလုံး ရွှင်ပြုံးငြိမ့်ငြိမ့် ပီတိ စိမ့်၍ နှစ်သက်ဖွယ်ကောင်း ရှုမငြောင်းအောင် ညို မောင်း နီ ဝါ ဖြူ ပြာ ပြိုးပြက် ရိုး ရက်ပျက်သန်း ရောင်ခြည်ပန်း ရှိတော်မူသည်ဖြစ်၍။ စန္ဒိမာ၊ ပုဏ္ဏမိန် ယုန်အိမ်သော်တာ ပမာမခြား အလားတူစွာ ဖြစ်တော်မူပါပေသည်ဘုရား ။ ဧကိဘာဝေန၊ တစ်သောင်းတိုက် စင်္ကြဝဠာမှ ယှဉ်ပြိုင်ဘက်ကင်းကွာ၍ တစ်ဆူတည်းသာ ဖြစ်ပေါ်လာခြင်းဟူသော အကြောင်းကြောင့်။ စန္ဒိမာ၊ နှစ်စင်းမပြိုင် သတင်းလှိုင်သည့် ရောင်ဆိုင်ငွားငွား - ရထားသဖွယ် တင့်တယ်တော်မူပါပေသည်ဘုရား ။ စန္ဒိမံ၊ ရှုမြင်တိုင်းမက်မပြေ ကျက်သရေဂုဏ်လျှမ်း လယုန်စန်းသို့ ပုံပန်းနမူ အသွင်တူလှပသော။ တံ ဇိနံ၊ ငါးမာရ်အောင်ပြီး ထွဋ်ထီးသခင် ထိုဘုရားရှင်ကို။ အဟံ၊ ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိညာဏကို အတ္တခေါ်ဝေါ် တပည့်တော်သည်။ နမာမိ၊ ဦးခေါင်းညွှတ် လျှိုး မြတ်နိုးသဒ္ဓါ ရှိခိုးပါ၏ဘုရား ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse