ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ

ဣန္ဒပဇ္ဇရာဘုရားကျောက်စာ  (သက္ကရာဇ် ၆၅၆) 
by အမတ်ကြီးဣန္ဒပဇ္ဇရာ

... “ဖုရှာသ္ခိင် နိယ်ရပန်လွန်ပြီ
သာသနာ ၁၈၃၇ နှစ်သောအခာနှိုက်။ ။သကရစ် ၆၅၄ခု အာသတ်နှစ် တန်ဆောင်မှုန်လ္ဆုတ်
၆ရျက် ၅ညန်သန်ကောင်လွယ်၊ သဒ္ဓါစွာသော ဣန္ဒပဇ္ဇရာမည်သော အမတ်ကြီသည်။ သင်
သရာဆိုဝ်ငြယ်မှ လွတ်ရုယ် သဗ္ဗသတွာ လူနတ်တကာ ခပ်သိမ်သောကိုဝ် သင်သရာကံပါ
မှ ကယ်ပိယ်တတ်သော မ္လတ်သဖုရှာဆုကိုဝ် လိုဝ်ခ္လျင်သည်ကြောင်။ က္လောက်တဝ် နတ်ဣ
မ်တောင် က္လောင်စန် ၃ခုသော မ္လိယ်အရပ်နှိုက် ကုလါက္လောင် ပြသတ် တုလိုက် စလစ်ဥိထွက်
ပ္လု၏။ အထူ၂ ဆန်ကြယ်သော ခြိယ်ရာတဝ်ရှုယ်နန် ရှုဖွယ်နှန်ဟိသော ဆိယ်ရိယ်၏။ ကူေ
စတီဖုရှာလေပ္လု၏ ထက်ဝန်ကျင်သော အရံတန်တိုင် ၂ထပ်လေပ္လု၏။ ဝ ။ ...
၁၆ ... သကရစ် ၆၅၆ခု ဖဿနှစ် ပြသတ်လွှတ်သော လှူသော ကုလါ
၁၇ ကျွန်ယောက်ယာ ၁ဝကိပ်။ မိယ်မ ၃ဝကိပ် အပေါင် ၄၀ ကိပ် လှူ၏။ ။”

  • အနက်မသိသာ။

[ဘုရားသခင် နေရပန်လွန်ပြီး သာသနာ ၁၈၃၇နှစ်သော အခါ၌ သက္ကရာဇ် ၆၅၄ ခု အာသန္နီနှစ်၊ တန်ဆောင်မုန်း လဆုတ် ၆ရက်၊ ၅ ညဥ့်သန်းခေါင်လွဲ သဒ္ဓါစွာသော ဣန္ဒပဇ္ဇရာမည်သောအမတ်ကြီးသည် သံသရာဆင်းရဲမှ လွတ်၍ သဗ္ဗသတ္တဝါ လူနတ်တကာခပ်သိမ်းသောကို သံသရာကမ်းပါးမှ ကယ်ပေတတ်သော မြတ်သော ဘုရားဆုကို လိုချင်သည်ကြောင့် ကျောက်တော်၊ နတ် အိမ်တောင်၊ ကျောင်းစဉ် ၃ခုသော မြေအရပ်၌ ကုလား ကျောင်း ပြာသာဒ် တုလိုက် ́ စုလစ်ဦးထွက် ပြု၏။ အထူးထူးဆန်းကြယ်သော ခြေရာတော်ရွှေနန်း ရှုဘနန်းရှိသော ဆေးရေး၏။ ဂူစေတီဘုရားလည်း ပြု၏။ ထက်ဝန်းကျင်သော အရံတံတိုင်းနှစ်ထပ်လည်း ပြု၏။ သက္ကရာဇ် ၆၅၆ ခု ဘဒြနှစ်၊ ပြာသာဒ် လွှတ်သော၊ လှူသော ကုလားကျွန် ယောက်ျား ၁၀ကျိပ်၊ မိန်းမ ၃၀ကျိပ် အပေါင်း ၄၀ကျိပ် လှူ၏။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse