၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ

၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေ  (1948) 

သမတအိမ်တော်၊ ရန်ကုန်မြို့။

ကချင်ပြည်နယ် အစိုးရ(အဖွဲ့ဝင် ဝန်ကြီးများ၏ လစာငွေများ) အက်ဥပဒေ။

၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အက်ဥပဒေအမှတ် ၂။

ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ နယုန်လဆန်း ၇ ရက်။

(၁၉၄၈ ခု၊ မေလ ၁၄ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကျေညာ သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား၊ ပေးရန်ရှိသော လစာငွေများနှင့် စရိတ်ကြေး ငွေများကို တရားဥပဒေဖြင့် သတ်မှတ်ရန်လိုအပ်သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေ အဖြစ် ပြဋ္ဌာန်းလိုက်သည်။

အမည်တိုနှင့်အာဏာတည်သည့်နေ့။

၁။ ။ (၁) ဤအက်ဥပဒေကို ၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏လစာငွေများ) အက်ဥပဒေဟုခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၄၈ ခုနှစ်၊ဇန္နာဝါရီလ ၁၀ ရက်နေ့မှ စ၍၊ အာဏာတည်သည်ဟုမှတ်ယူရ မည်။


၂။ ။ ဤဥပဒေတွင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးဟူသောစကားရပ်များ၌၊ ကချင်ပြည်နယ်ယာ ယီအစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံးအကျုံးဝင်စေရမည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များအားပေးအပ်သောလစာငွေ။

၃။ ။ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးအသီးသီးအား၊ လစဉ်လစာငွေ ၁,၂၅၀/- တို့ကိုပြည်နယ် ကောင်စီက ပြဋ္ဌာန်းထားသော ငွေထဲမှထုတ်ပေးရမည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူးလက်ရှိကာလအတွင်းတွင်၊ မည်သည့် အတတ်ပညာဖြင့်ဥစ္စာရှာသော အသက်မွေးမှုမျိုးကိုမျှမပြုရ။

၄။ ။ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်၊ မိမိတို့၏ ရာထူးလက်ရှိကာလအတွင်းတွင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများရာထူးဆိုင်ရာ တာဝန်ဝတ်တရားများကိုဆောင်ရွက်အပ်သည် မှတပါး၊ အတတ်ပညာဖြင့် ဥစ္စာရှာသောမည်သည့် အသက်မွေးမှုမျိုးကိုမျှမပြုရ။ သို့တည်းမဟုတ် မည် သည့် ကုန်သွယ်ရောင်းဝယ်မှု၌မျှပါဝင်လုပ်ကိုင်ခြင်းမပြုရ။ သို့တည်းမဟုတ် မည်သည့်အလုပ်အကိုင်မျိုး ကိုမျှ အခကြေးငွေဥစ္စာအတွက်လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်၊
နိုင်ငံတော်ယာယီသမတ။

ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ နယုန်လဆန်း ၇ ရက်။
(၁၉၄၈ ခု၊ မေလ ၁၄ ရက်။)

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်၊
[အမှတ် ၉၁။]