Help:မိတ်ဆက်

Help:မိတ်ဆက်
လမ်းညွှန်များ: အထွေထွေ မိတ်ဆက်ဖတ်ရှုခြင်းတည်းဖြတ်ခြင်းစာသားအသစ်များ ပေါင်းထည့်ခြင်းပုံများ ထည့်သွင်းခြင်းအခြား အကူအညီများ

ဤသည်မှာ အခမဲ့စာကြည့်တိုက်ဖြစ်သည့် ဝီကီရင်းမြစ်အတွက် ယေဘုယျ မိတ်ဆက်နိဒါန်းတစ်ခုဖြစ်သည်။ အထက်ဖော်ပြပါ လင့်ခ်များသည် ဝီကီရင်းမြစ်၏ သီးခြားရှုထောင့်များအကြောင်း ပိုမိုတိကျသော မိတ်ဆက်စာမျက်နှာများဆီသို့ ဦးတည်စေသည်။ သင်သည် အသုံးပြုသူအသစ်ဖြစ်ပါက ဤစာမျက်နှာကို ဦးစွာဖတ်ရှုပါ။

ဝီကီရင်းမြစ် အကြောင်း edit

ဝီကီရင်းမြစ်သည် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီသူများက မြန်မာဘာသာစကား အရင်းအမြစ်စာသားများကို စုဆောင်း၊ စုစည်း၊ စိစစ်ဖတ်ရှု၊ ပုံဖော်၍ မှတ်တမ်းတင်စေခြင်းဖြင့် အခမဲ့စာကြည့်တိုက်တစ်ခု အဖြစ် တည်ဆောက်ထားသော ဝီကီနည်းလမ်းကို အသုံးပြုထားသည့် ပရောဂျက်တစ်ခု ဖြစ်သည်။။ အခမဲ့စာကြည့်တိုက် ဝီကီရင်းမြစ်သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း ပရောဂျက်တစ်ခုဖြစ်ပြီး အခမဲ့စွယ်စုံကျမ်း ဝီကီပီးဒီးယား၏ ညီအစ်မဝဘ်ဆိုက်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယားကဲ့သို့ပင်၊ ဝီကီရင်းမြစ်သည် မည်သူမဆို တည်းဖြတ်နိုင်သော ပရောဂျက်တစ်ခုဖြစ်ပြီး တူညီသော အသုံးပြုမှုစည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်သည်။ ဝီကီရင်းမြစ်တွင်တွေ့ရသော အဓိကအရင်းအမြစ်များကို ထိရောက်သောသုတေသနအတွက် ဝီကီပီးဒီးယား စွယ်စုံကျမ်းဆောင်းပါးများနှင့် တွဲဖက်အသုံးပြုလေ့ရှိသည်။

ပါဝင်ပံ့ပိုးခြင်း edit

ပါဝင်ပံ့ပိုးရန် ကြောက်ရွံ့မနေပါနှင့်။ သင်အမှားတစ်ခု ပြုလုပ်မိပါက တခြားတစ်ယောက်ယောက်က သင့်အတွက် ပြင်ဆင်ပေးပါလိမ့်မည်။ ကျွန်ုပ်တို့သည် ပံ့ပိုးကူညီသူများ၏ အသိုက်အဝန်းတစ်ခုဖြစ်ပြီး သင်အကူအညီလိုအပ်ပါက သင့်ကို ကျွန်ုပ်တို့ ဝမ်းမြောက်စွာ ကူညီပါမည်။ သင်အကောင့်ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ သင်အလိုရှိသည့်အချိန်တိုင်း အရင်းအမြစ်စာသားများကို ပေါင်းထည့်နိုင်သည် သို့မဟုတ် တည်းဖြတ်နိုင်သည်။ အသိုင်းအဝိုင်းစာမျက်နှာ လက်ဖက်ရည်ဆိုင် တွင် မှတ်ချက်တစ်ခု ရေးသားခြင်းဖြင့် အသိုင်းအဝိုင်းကို ဆက်သွယ်နိုင်သည်။

အသုံးပြုသူများသည် လက်ရှိ စာသားများကို ဖြည့်စွက်ခြင်း သို့မဟုတ် စာသားအသစ်များ ပေါင်းထည့်ခြင်းဖြင့် ဝီကီရင်းမြစ်ကို အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးလျက်ရှိသည်။ မကြာသေးမီက အပြောင်းအလဲများ စာမျက်နှာတွင် အဆိုပါ တည်းဖြတ်မှုများအနက်မှ အချို့သော လတ်တလော အပြောင်းအလဲများကို ဖော်ပြထားသည်။ ယခုအချိန်အထိ ကျွန်ုပ်တို့တွင် မူလရင်းမြစ်များ၏ စာမျက်နှာ 3,298 ခု ရှိသည်။ သင့်ကိုယ်ပိုင်စာများကို မထည့်မီ၊ ဤမိတ်ဆက်စာမျက်နှာများကို ပြန်လည်ဖတ်ရှုလေ့လာပါ။

ဝီကီရင်းမြစ်၏ အင်္ဂါရပ်များ edit

တက်ဘ်ခလုတ်များ - ဝီကီရင်းမြစ်ရှိ စာမျက်နှာတိုင်း၏ထိပ်တွင် 'tabs' ဟုခေါ်သော လင့်ခ်များရှိသည်။ ဤတက်ဘ်များသည် သင်ကြည့်ရှုနေသည့် စာမျက်နှာနှင့် သက်ဆိုင်သည့် စာမျက်နှာများသို့ ဝင်ရောက်ခွင့် ပေးပါသည်။ စာမျက်နှာကို အခြားတည်းဖြတ်သူများနှင့် ဆွေးနွေးနိုင်သည့် 'ဆွေးနွေးချက်' ကို နှိပ်ပါ။ 'တည်းဖြတ်ခြင်း' ခလုတ်သည် ဝီကီရင်းမြစ်ရှိ စာမျက်နှာတိုင်းနီးပါးကို တည်းဖြတ်နိုင်စေပါသည်။ 'ရာဇဝင်' တက်ဘ်မှ စာမျက်နှာကို မည်သူက တည်းဖြတ်ခဲ့သည်ကို သင်တွေ့နိုင်ပြီး စာမျက်နှာ၏ တည်းဖြတ်မူအဟောင်းများကိုလည်း ကြည့်ရှုနိုင်သည်။ အကယ်၍ သင်သည် အကောင့်ဝင်ထားပါက 'ရွှေ့ရန်' ကိုနှိပ်ခြင်းဖြင့် စာမျက်နှာကို ခေါင်းစဉ်အသစ်တစ်ခုသို့ ရွှေ့နိုင်ပါသည်။

စာမျက်နှာ၏ ဘေးတစ်ဖက်တစ်ချက်တွင် အပိုင်းလေးပိုင်းရှိသည်။

လမ်းကြောင်းပြမီနူး - 'လမ်းပြခြင်း' ကဏ္ဍသည် ဝီကီရင်းမြစ်အတွက် အဓိက မီနူးဖြစ်ပြီး၊ ဝီကီရင်းမြစ်ပေါ်ရှိ အရေးကြီးသော စာမျက်နှာများဆီသို့ ဦးတည်သည်။ ဗဟိုစာမျက်နှာသည် ဝီကီရင်းမြစ်ရှိ အရေးကြီးသော စာမျက်နှာအမျိုးမျိုးသို့ လင့်ခ်ချိတ်ပြီး လတ်တလော သတင်း သို့မဟုတ် ဖြစ်ရပ်များကို ပြသသည်။ ကွန်မြူနတီပေါ်တယ်သည် အသိုင်းအဝိုင်းစာမျက်နှာများ၊ မည်သူမဆို ကူညီနိုင်သည့် အလုပ်များနှင့် အခြားသော အသိုင်းအဝိုင်းဆိုင်ရာ စာမျက်နှာများသို့ လင့်ခ်ချိတ်သည်။ လက်ဖက်ရည်ဆိုင်သည် ပူးပေါင်းဆွေးနွေးမှုစာမျက်နှာဖြစ်ပြီး သင်အကူအညီလိုအပ်ပါက သို့မဟုတ် အသိုင်းအဝိုင်းသို့ဆက်သွယ်လိုပါက ပို့စ်တင်ရန်နေရာဖြစ်သည်။ [[လတ်တလော အပြောင်းအလဲများသည် ဝီကီရင်းမြစ်၏ နောက်ဆုံးတည်းဖြတ်မှုများကို စာရင်းပြုစုထားသည်။ ကျပန်းစာမျက်နှာသည် စာမျက်နှာတစ်ခုကို ကျပန်းပြသရန် ရွေးချယ်မည်ဖြစ်ပြီး အကူအညီသည် (ဤတစ်ခုအပါအဝင်) အကူအညီစာမျက်နှာများသို့ ဦးတည်သွားမည်ဖြစ်သည်။

ရှာဖွေမှု - ရှာဖွေမှုပုံစံသည် ဝီကီရင်းမြစ်တွင် ဆောင်းပါးများကို ရှာဖွေနိုင်စေပါသည်။ ဆောင်းပါးတစ်ခု၏ အမည်အတိအကျကို သိပါက ၎င်းကို အကွက်တွင် ရိုက်ထည့်ပြီး [Go] ကို နှိပ်ပါ။ သော့ချက်စာလုံးများကို အသုံးပြု၍ ဆောင်းပါးတစ်ပုဒ်ကို ရှာဖွေလိုပါက သက်ဆိုင်ရာ စကားလုံးများကို ရိုက်ထည့်ပြီး [Search] ကို နှိပ်ပါ။ ရှာဖွေရေးဘား၏အဆင့်မြင့်အသုံးပြုမှုအတွက်၊ Meta-Wiki ရှိ Help:Searchတွင် ရှာဖွေပါ။

ကိရိယာပုံး - ဤမီနူးတွင် ကိရိယာမျိုးစုံကို စာရင်းပြုစုထားသည်။ ဘယ်ကလင့်ခ်ထားလဲသည် သင်လက်ရှိကြည့်ရှုနေသည့် စာမျက်နှာသို့ လင့်ခ်များပါရှိသော ဝီကီရင်းမြစ်ရှိ စာမျက်နှာများစာရင်းကို ပြသမည်ဖြစ်သည်။ ဆက်စပ်သော အပြောင်းအလဲများသည် လက်ရှိစာမျက်နှာသို့ လင့်ခ်များရှိသည့် စာမျက်နှာများသို့ လတ်တလောပြောင်းလဲမှုများကို စာရင်းပြုစုပေးမည်ဖြစ်သည်။ ဖိုင်တင်ရန်သည် သင့်အား ဝီကီရင်းမြစ်သို့ ပုံ သို့မဟုတ် အခြားမီဒီယာဖိုင်ကို ထည့်နိုင်စေပါသည်။ အထူးစာမျက်နှာများသည် ဝီကီရင်းမြစ်မှ အလိုအလျောက်ဖန်တီးပြီး အပ်ဒိတ်လုပ်ထားသော စာမျက်နှာအမျိုးမျိုးကို စာရင်းပြုစုထားသည်။ ဤစာမျက်နှာများကို တည်းဖြတ်၍မရပါ။

အခြားဘာသာစကားများဖြင့်- ဤမီနူးသည် အခြားဘာသာစကားများဖြင့် ဝီကီရင်းမြစ် ပရောဂျက်များရှိ တူညီသောစာမျက်နှာသို့ လင့်ခ်ချိတ်ထားသည်။