Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/41

This page has been proofread.
၂၄
မဟာဂီတ ပေါင်းချုပ်ကျမ်း

ထွေဖြာ၊ ရွှန်းရရွှန်းရောင်ဝါ၊ ဘုန်းတန်းတေဇာ၊ ညီးညီးလင်း လားလား မြူမှောင် ဝေးဝေးကင်း မဆိုင်မပြူဇမ္ဗူတခွင်၊ အထင်အပေါ်၊ အကျော်အညာ၊ မိုဃ်းမာဃနတ်နှင့်သာ စိုးစံပသွယ်သွယ်ဖြာ ယဉ်လှလှ၊ ရွှင်လှလှ လွန်ကဲရုံးပေါင်း များတောင်း အထူးထူး၊ယဉ်စေရာထွေထွေသာ စံစံကာလိုပင်၊ ယှဉ်စကာကိုယှဉ်၊ ဝတိန်သာမှန်း၊ ပမာထွေဆန် အခေါင်စံကျွန်းအရောင်ဖြာရွှန်း၊ဖန်နန်းမှန်နန်း၊ ပြောင် ရွှန်းလျှံလန်း၊ နှုန်းနန်း စံထား၊ ရွှေသားငွေသား၊ သာခေါင် တိုင်းသိဘူး ဘုံဆောင်သွယ်ဖြူးဖြူး ဆန်းပူးထွေထွေလာ ကြူးကဲပေစ္စာ၊ ကိုးပါးလျှံပြောင်၊ မီးရှူးထွန်း၊ ရဲရဲရောင်ဝါ ဝင်းဝင်းရွှန်း၊ အကြေအညာ အလျှံအနီ အရွှေအရွှေ အထွေထွေ အရောင်လျမ်းမျှမျှ လျှပ်ချည်ဖြာ၊ ရွှန်းရွှန်းမျှ ရောင်စုံသာဖြာလို့လို့၊ ထိန်လို့လို့၊ ဆောင်တိုင်းအားလုံးပေါင်းရုံး တညီးညီး၊ နေရောင်ပင် ထွေထွေထင်၊ နန်းဘုံခွင်၊ စိုးစံရွှင်၊ သဘင်သဘင် ပွဲမှာမှ နွှဲစံပျော်လေတည့် နွှဲစံပျော်။


၁၄။ သိကြားမင်းခလုတ် ကြိုး

ရာမင်း ရာမင်းဝပ်လျှိုး၊ ဘုန်းမြင့်စိုး x နေမျိုး နေမျိုးမှန်စွာ ဧကရာxသတင်း သတင်းကြေငြာ ကျော်သံဝါ x ရန်တကာတည့် ဝေးဝေးရှဲ၊ ဘုန်းတော်မိုးမိုးကဲ x သီးကွဲခြားခြား၊ မှူးများ မတ်များပုံ x ဘုန်းပွင့်ဝေဆာ ဖြာချည်လေး x စိုးတင့်သံသာသာ ကြာ-မြင့်-လေး x နန်းညာလေ မုခ်ဦး မုခ်ဦး မုခ်ဦး စံပင် စံတင့်မှူး x ကြုံးမျှထူးဆန်း ရေနန်း ရေနန်းသဘင် စံရွှင်တည့်လန်းလန်း ပျော်ဘွယ်တည့် အဆန်းဆန်း x နတ်ပြည်ကျော်သဲ လှေပွဲယဉ်သာ ဆင်ချည့်လေး x ရွက်ကြင် လူလန်းထိပ်ပန်း ထွက်တော် မူချည့်လေးxလောင်းနှင့် လက်သင် ခင်တုရင်နှင့် - ဆန်းကြူး လှော်ပြိုင်အထူးထူး x စက်ကွင်းမှန်စီ ရေသီလံနှင့် အောင်ပန်းပွားယဉ်သည် ထူးအခြားခြားxတိုးနရားနှင့် ရွှေဖေါင်တော်မှာ၊ မြစ်လုံးဝင်းလို့ မှန်ရောင်တောက်ညီး x ကွန့်မြူးထူးလို့ ကိန္နရာလို - ကြော့လန်းလန်းနှင့် ပျံခါလုနီး x ပုံမောင်းသံငယ်နှင့် မြစ်ယံခါရေဝန်း၊ ကူးကြသန်းလှော်ကားတွေနှင့် ငှက်လေသာ၊ ထောင်သောင်းမြူးကြပေါင်း၊ အနိုင်လေ အပြေး တက်လေတက်တန်းတခြား၊ ပြိုင်ဘော် ရွှေဘွေဘော် - စက်ကွင်းပျံလွှား လှေတော်ကြူးလွန်ကျော် x ကိုယ်တော် ကိုယ်တော် ကိုယ်တော်ရွှေစက် - စမ္ပယ်တင်ခါလျက်ကယ်နှင့်လေး၊ စုန်ဆန် စုန်ဆန် စုန်ဆန်အောက်ထက် လှေရံစဉ်မပျက်သည်နှင့်လေး x အချက်ကယ်ရေးစဉ်လာနှင့်လေး x တက်ရေးဟုတ်မှန်စွာ လှော်ရလေး x ပြည့်မျှကမ်းနား၊ သောသောအုံးအုံး ဗိုလ်ပါတရုံးရုံး x ကြည့်ကြကမ်းနား- သိန်းသောင်းစုရုံး - မြေးမြစ်ပြောမဆုံး x တရာမင်းတို့ထွတ်မှန်ကူ ထီးဖြူဟောင်းလို့လေး x ဘုန်းတော်ကြီးလို့ - သက်