Page:ရန္တပိုစာချုပ်.pdf/1

This page has been proofread.

ရန္တပိုစာချုပ်ကြီး၁၁ခန်း

ဣန္ဒယတိုင်းကိုအစိုးရသော။အင်္ဂလိပ်ကုမ္ပဏီရှင်ဘုရင်က။ခန့်ထားသောအရေးပိုင်ဗိုလ်ချုပ်မင်းကြီး။မှူးမတ်ကြီးအာဇီဘောကံဘက်။အရေးပိုင်ရောဘစ်စံ။ဧရာဝတီမြစ်တွင်ရှိသော။အင်္ဂလိပ်တို့က။သမ္ဘာန်များကိုအုပ်စိုးသော။မင်းစပ်တို့နှင့်။မြန်မာရှင်ဘုရင်ကခန့်ထားသော။လယ်ကိုင်းမြို့စားဝန်ကြီး။မဟာမင်းလှကျော်ထင်။ငွေခွန်ဝန်အတွင်းဝန်။မင်းကြီးမဟာမင်းလှသီဟသူတို့က။သက္ကရာဇ်၁၁၈၇ခု။တပေါင်းလပြည့်ကျော်၄ရက်နေ့။ရန္တပိုရွာမှါတွေ့၍။ကုမ္ပဏီမင်း။မြန်မာရှင်ဘုရင်။အချင်းချင်းစစ်ငြိမ်း၍။မိတ်ဿဟာယဘွဲ့သောစာချုပ်ကား။


ပဌမ ၁ မှါအင်္ဂလိပ်မင်းနှင့်။မြန်မာရှင်ဘုရင်တို့သည်။စစ်ငြိမ်း၍။မိတ်ဿဟာယ။အစည်အဆက်ဖြစ်စေ။


ဒုတိယ ၁ မှါမြန်မာရှင်ဘုရင်ကအာသံပြည်။အက္ကပတ်ပြည်။ဝေသာလီပြည်တို့ကိုအစိုးမပိုင်။နောံတစ်ဘန်မစီရင်ရ။

မဏိပူရမြို့မှါလည်း။ဂမ္ဘီရရှိန်တို့သည်။မိမိပြည်သို့ပြန်၍။မင်းပြုလုပ်နေလိုလျှင်။မြန်မာရှင်ဘုရင်က။အဆီးအတားအနှောင့်အရှက်မပြုရ။နေစေရမည်


တတိယ ၁ မှါနောံတဘန်ပြည်ကြီး၂ပြည်။အပိုင်းအခြားကို။ငြင်းခုံရန်အကြောင်းမရှိရအောင်။အင်္ဂလိပ်မင်းသည်။တိုက်၍အောင်ခဲ့ပြီးသော။ရခိုင်။ရမ်းပြဲ။မာန်အောင်။သံတွဲတည်းဟူသော။ရခိုင်ပြည်ကြီးကိုယူ၍။မြန်မာရှင်ဘုရင်သည်အစိုးမပိုင်ရ။ယိုးမဖိုးခေါင်တောင်တမ်း။မော်တင်စွန်း။စေတီကြီးထိ။စပ်ကြားအပိုင်းအခြားဖြစ်စေ။နောံမှအပိုင်းအခြားကိုငြင်းခုံရန်ရှိလျှင်။အင်္ဂလိပ်မင်း မြန်မာမင်း။ခန့်ထားသောသူတို့သည်။အထက်နယ်နိမိတ်အတိုင်း။မှန်ကန်စွာစီရင်စေ။ခန့်ထားသောသူတို့လည်း။အရာရှိမှူးမတ်လူကောင်းဖြစ်စေရမည်


စတုတ္ထ ၁ မှါမြန်မာရှင်ဘုရင်သည်။အင်္ဂလိပ်ကို။ယေး။ဓားဝယ်။မြိတ်။တနင်္သာရီမြို့ရွာ။နယ်နိမိတ်တောင်ကမ်းကျွန်းများနှင့်တကွ အပိုင်ပေးသည်။သံလွင်မြစ်သည်အပိုင်းအခြားဖြစ်ရမည်။နောံမှအပိုင်းအခြားကိုငြမ်းခုံရန်ရှိလျှင်။အထက်ဆိုခဲ့ပြီးသည့်အတိုင်းစီရင်စေ


ပဉ္စမ ၁ မှါမြန်မာရှင်ဘုရင်သည်။ပြည်ကြီး၂ပြည်။အစည်မိတ်သဟာရဘွဲ့စေခြင်သော။စေတနာအလိုထင်ရှားစေခြင်းငှါ။အင်္ဂလိပ်မင်းစစ်တိုက်၍။ကုန်ခဲ့ပြီးသောစရိတ်အ္နက်။အနည်းငယ်ပြေရအောင်။၁ိသုံးဒင်္ဂါးရူပီပျားရေ။တကုဋေကိုပေးရမည်


ဆဋ္ဌ ၁ ယခုစစ်ဖြစ်ကြသည်အတွင်း။ကုလါးဘက်သို့ဝင်စားသည်မြန်မာ။မြန်မာဘက်သို့ဝင်စားသည်ကုလါး။တို့မှာအလိုလိုဝင်စားစေ။အဘယ်သူမျှတဘက်က။တဘက်သို့ဝင်စားသည်အတွက်။ရာဇဝတ်မခံအနောင့်အရှက်မရှိစေရ


သတ္တမ ၁ မှါ။ပြည်ကြီး၂ပါး။ယခုဘွဲ့သောမိတ်သဟာရမြဲစေခြင်းငှာ။အင်္ဂလိပ်မင်းခန့်ထားသော။အရေးပိုင်တယောံအခြွေအရံလူ၅၀။လ္နက်ကိရိယာအစုံနှင့်။မြန်မာဘုရင်မြို့တော်မှါနေစေ။၎င်နည်းမြန်မာမင်းကခန့်ထားသောအရေးပိုင်တယောံ။အခြွေအရံလူ၅၀။လ္နက်ကိရိယာအစုံနှင့်။ကုမ္ပဏီမြို့တော်မှါနေစေ။ကုလါးပြည်