Page:ရန္တပိုစာချုပ်.pdf/2

This page has been proofread.

မှါနေသောမြန်မာ။မြန်မာပြည်မှါနေသောကုလါးတို့သည်။မိမိတို့နေရာဘို့။အတော်အသင့်တိုက်အိမ်ကိုဝယ်လိုလျှင်ဝယ်နေစေ။အသင့်တည်လုပ်လိုလျှင်လည်းလုပ်စေ။၎င်နိုင်ငံမှါ။အကျိုးစီးပွါးဖြစ်ထွန်းစေခြင်းငှါ။ရွှေလမ်းငွေလမ်းဘွင့်၍။အချင်းချင်းဘောံကားရောင်းဝယ်ခြင်း။အမှုအရေးများနှင့်ဆိုင်သောစာချုပ်ကို။ထပ်၍လုပ်စေရမည်


အဋ္ဌမ ၁ မှါ။စစ်မပေါ်မတိုက်မှီ။ကြွေးဟောင်းမြီဟောင်းရှိသမျှ။မင်းအရာရှိဆိုင်သည်ဖြစ်စေ။ဆင်းရဲးသားဆိုင်သည်ဖြစ်စေ။သစ္စာရှိသည်အတိုင်း။ကုန်စင်အောင်ဆပ်ပေးစေရမည်။ကြွေးတင်သည်နောံ။စစ်ဖြစ်သည်ဆို၍။မကပ်မစိုစေရ။စစ်တိုက်သောအမှုကြောင့်။အဘယ်သူမျှ။ကုလါးဖြစ်စေ။မြန်မာဖြစ်စေ။သုဥစ္စာကိုအသိန်းအယူမရှိစေ။အင်္ဂလိပ်ရှင်ဘုရင်ကျွန်ဖြစ်သူတို့သည်။မြန်မာနိုင်ငံတွင်သေ၍။အမွေခံမရှိလျှင်။ကျန်ရစ်သမျှဥစ္စာပစ္စည်းကို။မြန်မာနိုင်ငံတွင်နေသော။အင်္ဂလိပ်မင်းအရေးပိုင်လက်သို့။ကုလါးဖြူထုံးစံအတိုင်းအပ်ရမည်။ထိုနည်းတူ။မြန်မာရှင်ဘုရင်ကျွန်ဖြစ်သူတို့သည်။အင်္ဂလိပ်နိုင်ငံတွင်သေ၍။အမွေခံမရှိလျှင်။ကျန်ရစ်သမျှဥစ္စာပစ္စည်းကို။အင်္ဂလိပ်နိုင်ငံတွင်နေသော။မြန်မင်းအရေးပိုင်လက်သို့အပ်ရမည်


နဝမ ၁ မှါ။အင်္ဂလိပ်သင်္ဘောများ။မြန်မင်းဆိပ်သို့ဝင်ရောံလျှင်။တက်မမချွတ်။အမြောံမချဘဲ။နေသကဲ့သို့အင်္ဂလိပ်မြို့ဆိပ်သို့ဝင်ရောံသော။မြန်မာသင်္ဘောသည်လည်း။အနှောင့်အရှက်မရှိဘဲ။နေစေရမည်


ဒသမ ၁ မှါအင်္ဂလိပ်မင်းနှင့်။မိတ်သဟာရဘွဲ့သော။ယိုးဒယားရှင်ဘုရင်သည်။အင်္ဂလိပ်ဘက်သို့စစ်ကူ၍။ဝင်စားသည်မှာ။ယခုလုပ်ကြသောမိတ်သဟာရ။စာချုပ်အဝင်ဖြစ်သည်ကိုမှတ်ရမည်


ဧကာဒသမ ၁ မှါ။ယခုလုပ်သောမိတ်သဟာရစာချုပ်ကို။မြန်မာခန့်ထားသော။အရေးပိုင်သံတမန်တို့သည်။လက်မှတ်တံဆိပ်ခပ်ရမည်။အချုပ်ခံရသောအင်္ဂလိပ်။အမေရိကံအစရှိသောကုလါးဖြူ။ကုလါးနက်ရှိသမျှတို့ကိုအင်္ဂလိပ်အရေးပိုင်သံတမန်တို့လက်သို့အပ်ရမည်။၎င်ဣန္ဒြိယတိုင်းကိုအစိုးရသောကုမ္ပဏီဘုရင်သည်။ဝန်ခံ၍။လက်မှတ်တံဆိပ်ခပ်သောစာချုပ်၍။၄လအတွင်း။မြန်မာရှင်ဘုရင်လက်တော်သို့ပြန်၍ပေးလိုက်ရမည်။အင်္ဂလိပ်မင်းချုပ်ထားသော။မြန်မာလူရှိသမျှတို့ကို။အင်္ဂလိပ်ပြည်မှအလျှင်အမြန်ခေါ်ခဲ့၍။မြန်မာမင်းလက်သို့အပ်ရမည်။