မိုးရာသီဘွဲ့ ပိုဒ်စုံရတု

မိုးရာသီဘွဲ့ ပိုဒ်စုံရတု
by ပြည် နဝဒေးကြီး

မဖွဲ့ဖြစ်အင်၊ ညှိုးရုပ်သွင်နှင့်၊
မရွှင်မပျော်၊ ရှိလေသော်လည်း၊
နားတော်သံချို၊ မယ်လျှောက်ဆိုအံ့၊
ဝါဆိုခေါ်မှတ်၊ ကရကဋ်ဝယ်၊
နက္ခတ်မိုးယံ၊ ပြုဗ္ဗသဠ်တို့၊
လထံနီးလျက်၊ ရောင်ခြည်ရှက်က၊
ပုန်းညက်ထိန်ထိန်၊ ပွင့်ချင်းလိမ်ခဲ့။ ။
သိဟ်ရာသီလမ်း၊ ဝါခေါင်ဆန်းသော်၊
နတ်ပန်းခတ္တာ၊ ပွင့်ဝါဝါနှင့်၊
အာကာယုဂန်၊ သရဝဏ်လည်း၊
မိုးစွန်လမှီ၊ ထွန်းခဲ့ပြီရှင့်။ ။
ရာသီကန်တွင်း၊ တော်သလင်းဝယ်၊
ကြယ်မင်းရောင်ဝါ၊ လယှဉ်ခါလျှင်၊
ပြုဗ္ဗာဘဒြပိုဒ်၊ တိမ်ညိုတိုက်က၊
ရင်လိုက်ထိန်ဝင်း၊ ပြိုင်၍ကျင်းသော်၊
ရင်းမာပွင့်ဝတ်၊ ခိုင်လုံးညွှတ်လိမ့်။ ။
သီတင်းကျွတ်ဆီ၊ အဿဝဏီလျှင်၊
ရာသီတူနှင့်၊ ချိန်ကိုလင့်၍၊
ပွင့်ခြင်းငါးမည်၊ ကြာမျိုးစည်က၊
ပတ်လည်သိမ့်သိမ့်၊ တိမ်နိမ့်နိမ့်နှင့်၊
ပြိုလိမ့်ကမန်း၊ လျှပ်ခြည်တန်းလျက်၊
လကိုတွက်မူ၊ ချိန်လက်သာလေး၊
ရင့်ရူကြွေးသည်။ ။
လေးလဝဿာန် ကူးတော့သည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse