ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ ပို့နည်း

ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
တတိယအခန်း ကရုဏာ ပို့နည်း
325646ကိုယ်ကျင့်အဘိဓမ္မာ — တတိယအခန်း ကရုဏာ ပို့နည်းအရှင်ဇနကာဘိဝံသ

ကရုဏာ ပို့နည်း

ကရုဏာ၏ သဘောကား ဆင်းရဲနေသူကို မြင်ရ ကြားရသောအခါ ထိုဒုက္ခမှ လွတ်စေလိုခြင်း၊ ကယ်ဆယ်လိုခြင်း သဘော ဖြစ်၏။ ထို့ကြောင့် ကရုဏာပိုရာ၌ ပါဠိလို “ဒုက္ခာ မုစ္စန္တ”၊ မြန်မာလို “ယခုရောက်ရှိနေသော ဒုက္ခမှ လွတ်မြောက်ကြပါစေ”ဟု ပို့ရသည်။ ဆင်းရဲဒုက္ခမှ လွတ်မြောက်၍ ချမ်းသာသို့ ရောက်စေလိုခြင်းသာ ကရုဏာအစစ် ဖြစ်၏။ “ဆင်းရဲအချိန် တိုပါစေတော့” ဟူသော သဘောဖြင့် “မြန်မြန် သေပါစေ”ဟု တချို့ ဆုတောင်းခြင်း ကရုဏာပို့ရာ မရောက်သည့်ပြင် ဗျာပါဒ ဒုစရိုက်ပင် ဖြစ်သေးသည်။ ဤ ကရုဏာလည်း ဆင်းရဲသူကို စိတ်မှန်း၍ ပို့မှသာ ကရုဏာ အစစ် ဖြစ်သည်။ နှုတ်မှရနေ၍ “ဒုက္ခာ မုစ္စန္တု”ဟု ဆိုရုံမျှဖြင့် ကရုဏာ မဖြစ် နိုင်ပါ။