ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပဠာသ အကြောင်း

ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း ပဠာသ အကြောင်း
325624ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း ပဠာသ အကြောင်းအရှင်ဇနကာဘိဝံသ

ပဠာသ အကြောင်း

ပဠာသ ဟူသည် ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သော ဒေါသတမျိုး ပင်တည်း။ သီလ သမာဓိ ပညာရှိသူ၊ ဥစ္စာပေါသူ၊ ရုပ်ချောသူ၊ အမျိုးမြတ်သူ၊ လိမ္မာသူများကို အသာမပေးနိုင်ပဲ “သူနဲ့ ငါနဲ့ ဘာထူးသေးသလဲ”ဟု (မိမိထက် အမှန်သာနေသူ၊ သာမှန်းလည်းသိလောက်သူနှင့်) အင်းတူအားတူ ဂုဏ်တူလုပ်၍ ပြောဆို ပြိုင်ဆိုင်ခြင်းမျိုးတည်း။ မိမိမှာ ထိုကဲ့သို့ဂုဏ်မျိုးရှိသည်ထင်၍ နှိုင်းယှဉ် ပြောဆိုမှုမှာ ပဠာသ မဟုတ်ချေ။