ဂန္ဓကုဋီ-ချီ ရတု

"ဂန္ဓကုဋီ"ချီ ရတု
by မင်းရာဇာ
ဆင်ကျုံး နန်းတော်သိမ်းတွင် ဆက်သည်။

ဂန္ဓကုဋီ တိုက်သိင်္ဂီမှ ကြွချီဒေသစာ မြတ်ဇိနာလျှင် ရောက်ရာဗျာဒိတ် မိန့်နိမိတ်ကြောင့် ဟိတ်နှင့်ညီစွာ မင်းဝံချာဝယ် ရတနာပူရ မြို့မျာ့းအခေါင် ဆောင်ဆောင်ဘုံသာ နန်းသိင်္ဂါလယ် ရံကာရွေဝန်း စိုးစံမြန်းသည် ဥစွန်း ဧကရာဘုရား

စန္ဒပူရီ ပြည်ဌာနီက ကျော်ညီကြေညာ မြို့သေလာဝယ် ရတနာရောင်ရွှန်း ထူးဆန်းဆောင်ကျယ် အသွယ်သွယ်နှင့် ပင်လယ်ပတ်လည် ဆက်ရှည်မြင့်ခြင်း အစဉ်ထွင်းသော် လင်းဇင်းထွတ်တင် ဆင်များရှင်သည် ကြောက်ညင်လှရွေ့ ညဉ့်နေမလန်း ညွတ်ခယန်းသည် သူ့နန်း ထွေတလာဘုရား

မန္တတူညီ သဘောပြီ၍ ထိပ်ဆီလက်တင် ကျွန်စံဝင်မှ ရင်ခွင်သည်းချာ မြတ်ကညာနှင့် အာဏာဖြီးထူ ဆင်ဖြူဧက ဓမ္မဆင်နီ ကြန်ညီလက္ခဏာ တည်လက်ျာတည့် ပိုက်ကာတံခါး မြီးဆံငါးက ဂဇရ၏ ငါးလကျော်မွှန်း ဆက်သညွန်းသည် တုကျွန်း နေမသာဘုရား