ငါးပါးသီလ

326921ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၈။ ငါးပါးသီလဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၈)

ငါးပါးသီလ ငါးပါးသီလအကျိုး

edit

မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ဆင်းရဲသား တစ်ဦး ရှိခဲ့ပါသည်။ သူသည် သူဌေးကြီးတစ်ဦး၏ အိမ်တွင် အလုပ်လုပ်နေရပါသည်။ အခြားသူများ အလှူအတန်း ပြုလုပ်နေသည်ကို တွေ့ပြီး သူလည်း အလှူအတန်း ပြုလိုစိတ် ဖြစ်ပေါ်လာသည်။ သို့သော် လှူစရာ မရှိသဖြင့် စိတ်မကောင်းဖြစ်နေရ၏။

တစ်နေ့တွင် ဆင်းရဲသားလေးသည် ငွေကြေး ကုန်ကျမှုမရှိသော ကုသိုလ်ကောင်းမှုတစ်မျိုးကို သတိရမိလေသည်။ သို့ဖြစ်၍ သူသည် ရဟန်းတော်တစ်ပါးထံသို့ သွားရောက်ပြီး ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။ သူသည် ငါးပါးသီလကို မကျိုးမပေါက်အောင် ကြိုးစား ထိန်းသိမ်းခဲ့ပါသည်။ ထိုကုသိုလ်ကောင်းမှုကြောင့် နောက်ဘဝတွင် နတ်သားတစ်ပါး ဖြစ်သွားခဲ့ပါသည်။ ဘဝပေါင်းများစွာတွင်လည်း ချမ်းသာကြွယ်ဝသူ ဖြစ်ခဲ့ ရပါသည်။

သီလတောင်း

edit

အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ - အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ - အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဘုန်းဘုန်း - ယ မဟံ ဝဒါမိ၊ တံ ဝဒေထ။
လူများ - အာမ ဘန္တေ။
ဘုန်းဘုန်း - နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၁ ကြိမ်)
လူများ - နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃ ကြိမ်)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံယံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ - ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ - သံယံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ - ဓမ္မံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ - သံယံ သရဏံ ဂစ္ဆာမိ။
ဘုန်းဘုန်း - တိသရဏဂမနံ ပရိပုဏ္ဏံ။
လူများ - အာမ ဘန္တေ။

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ သူ့အိမ်ရာလည်း မမှားဘဲ အမြဲရှောင်ကြဉ်မည်။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ လိမ်ညာ၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။
၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။