စားသောက်ရာမှာ ယဉ်ကျေးပါ

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၆) စားသောက်ရာမှာ ယဉ်ကျေးပါ
326644ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၃၆) စားသောက်ရာမှာ ယဉ်ကျေးပါဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၆)

စားသောက်ရာမှာ ယဉ်ကျေးပါ

edit

ထွေးထွေးအပျော်ဆုံးနေ့

ထွေးထွေးသည် ထမင်းကို သန့်သန့်ရှင်းရှင်း မစားတတ်ပေ။

ထမင်းဟင်းများ ပေနေသည့်လက်ဖြင့် ဇွန်းကို ကိုင်သည်။

ထမင်း ပလုတ်ပလောင်း စားရင်းလည်း စကားပြောသည်။

ထမင်းဟင်းများ ပေနေသည့် လက်ကို လျှာဖြင့် လျက်တတ်သည်။

မေမေက သန့်သန့်ရှင်းရှင်း ထမင်းစားဖို့ ဆုံးမတိုင်း သူ့ကို မချစ်၍ ပြောသည်ဟု ထွေးထွေးက ထင်သည်။

သန့်သန့်ရှင်းရှင်း ထမင်းစားလျှင် တိရစ္ဆာန်ဥယျာဉ်သို့ လိုက်ပို့ပေးမည်ဟု ဖေဖေက ပြောသည်။

ထွေးထွေးသည် ထမင်းစားလျှင် တဖြည်းဖြည်းနှင့် သန့်သန့်ရှင်းရှင်း စားတတ်လာသည်။

သန့်ရှင်းသပ်ရပ်စွာ ထမင်းစားတတ်လာသော ထွေးထွေးကို ကြည့်ပြီး မိသားစုအားလုံး ပျော်နေကြသည်။ ထို့ကြောင့် ဖေဖေက သူ၏ကတိအတိုင်း ထွေးထွေးကို တိရစ္ဆာန်ဥယျာဉ်သို့ ပို့ပေးခဲ့လေသည်။