ဆရာ ဆရာမကို ရိုသေမယ်

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂ဝ။ ဆရာ ဆရာမကို ရိုသေမယ်
326579ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂ဝ။ ဆရာ ဆရာမကို ရိုသေမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၀)

ဆရာ၊ ဆရာမကို ရိုသေမယ်

edit

တပည့်ကောင်းသမင်လေး

ရှေးအခါက တောနက်ကြီးထဲတွင် သမင်များစွာ နေထိုင်ခဲ့ကြသည်။

သမင်မတစ်ကောင်သည် သားငယ်သမင်လေးကို ပညာသင်ပေးရန် အစ်ကိုဖြစ်သူ သမင်ခေါင်းဆောင်ထံတွင် အပ်နှံခဲ့သည်။ ပညာရပ်များကို ကြိုးကြိုးစားစား သင်ယူခဲ့သည်။

သမင်လေးသည် တောထဲတွင် လှည့်လည်စားသောက်စဉ် မုဆိုးထောင်ထားသော ကျော့ကွင်း၌ မိလေသည်။ သမင်လေးသည် ဦးကြီးဆရာ သင်ပေးထားသော သမင်မာယာ အတတ်ပညာဖြင့် အသေကောင်လို အယောင်ဆောင်နေခဲ့လေသည်။

ထို့နောက် မုဆိုးသည် သစ်ရွက်ကြီးများကို သွားယူနေစဉ် သမင်လေးသည် တစ်ဟုန်ထိုး ထွက်ပြေးသွားခဲ့လေ၏။