တိဂုံစေတီဘွဲ့ ထပ်တွန့် ရှစ်ဆယ်ပေါ်တေးထပ်

တိဂုံစေတီဘွဲ့ ထပ်တွန့် ရှစ်ဆယ်ပေါ်တေးထပ်
by ဦးဝေ

မေဒကိန် ရွှေသိင်္ဂုတ်တွင်မှ၊ ဗွေမဟိန် နေရှိန်အုပ်ပါလို့၊
ဒေဝရိန် တေဇိန်လုပ်တာမို့၊ ပွေလိမ်မုတ် ယှက်ထွေ။
ရစ်အတန့် ရှစ်အကန့် ပစ္စယံ့ စက်ခွေငယ်၊
ကွက်ကြက်ခြေ မကာရ်း။
ကေသရ မေခလ ဆွေဗြဟ္မာ့ မနုဿီငယ်၊
တစ်ရုပ်စီ မြူးကွန့်အဆန်း။ ။

ဘုံအထပ် ခုံကလပ် အုံပြာသာဒ် ညွတ်ဖူးဆိုင်တယ်၊
ထွတ်ဦးကိုင် ခိုနန်း။
မွေသီမှာ စိန်ဝဇီပြွမ်းပါလို့၊ စေတီကို သိင်္ဂီလွှမ်းသည်နှင့်၊
ထိန်ညီလျှမ်းတင့်တယ်။
လုံးအစုံ သုံးဘုံဆင့်မှာဖြင့်၊ ထုံးအပုံ ဘုန်းဂုဏ်ပွင့်ပါဘိ၊
နှုန်းကြုံခွင့် နတ်လူအလယ်။ ။

သဒ္ဓါကြိုးလို့ သမ္ဘာဖြိုးဖို့ ဇဋာတိုးလို့ ဖြိုးမောက်ကြွယ်အောင်၊
မိုးပေါက်သဖွယ် လှူဒါဆောင်းလိုပါ့၊
ညှိုးခြောက်မငယ် ဖြူစွာကောင်းလျက်၊
ပူဇာမြတ်ကြောင်း ဓာတ်ပေါင်းစိန္တေ၊
ထပ်လောင်း သိန်သရေ။
မြေအမိုးဝ သွေမညှိုးပ ရွှေပုဆိုးလှ ယမကထွေတယ်၊
ပတ္တမြာ့စတေ စိန်ထီးတော်က လေး။
ဗျာဒိတ်မှန်ပွင့် ပဋိဘာန်နှင့် အဓိဋ္ဌာန်သင့် ဟံမြင့်ဘုံမှာ၊
ဆံရှင့်ဒဂုံ တန်ခိုးတော်ပါ့လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse