ဒြပ်ကြီးသည့် သမီးပျိုခင်

ဒြပ်ကြီးသည့် သမီးပျိုခင်
by ဦးကြီး

သာလွန်းလှတယ်၊ အစ်မမယ်တို့ရွာ၊
အကာမှာ ပင်ဝါရိုးငယ်နှင့်၊
အမိုးမှာထန်းရွက်တင်၊
ကြမ်းပြင်မှာ အင်ပေါက်ခင်းပါလို့၊
ကာဝင်းမှာတော့ နွယ်ဘူးလိမ်၊
ဆယ်အိမ်ခေါင်းတဲ့ မအေလေး၊
သမီးငယ်ပျိုခင်၊ ဥစ္စာများလို့၊
ဝတ်စားငယ်ဆင်သယ်၊
အလို မမြင်ဝံ့ပါကလားနော် အဝေး။ ။

အဘိုးတန်ရာ၊ ဆင်သည်မှာလဲ၊
ခပ်ပြာညွန့်ပေါင်း၊ တွင်နားတောင်းနှင့်၊
ရောင်မောင်းရိုးခံ၊ ရွှေချည်ဝတ်မှာ၊
လက်စွပ်တွေရံလိုက်လို့၊ ခေါက်ပြန်ကျောရင်၊
ကျောက်ပုတီး ညီးအောင်ဆင်လို့၊
အင်မတန့်အနေမှာ၊
သူ့အမေ ဆယ်အိမ်မင်းပေမို့၊
တင်းလှတယ်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse