ဓမ္မစကူးလ် သွားကြမယ်

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁။ ဓမ္မစကူးလ် သွားကြမယ်
326517ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၁။ ဓမ္မစကူးလ် သွားကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁)

ဓမ္မစကူးလ်သွားကြမယ်

edit

လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ဘုန်းဘုန်းတွေ့မယ်...ဆရာလေးတွေ့မယ်..ကုသိုလ်တွေရမယ်..။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ယဉ်ကျေးရမယ်...သိမ်မွေ့ရမယ်...ပျော်ရွှင်သွားရမယ်...။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ဆေးရောင်ခြယ်မယ်..ပုံပြောပြမယ်...သီချင်းတွေဆိုကြမယ်..။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ယဉ်ကျေးရမယ်... သိမ်မွေ့ရမယ်..ပျော်ရွှင်သွားရမယ်...။ ။

ပျော်စရာ ဓမ္မစကူးလ်

edit

ကစားမက်သော မောင်မောင်သည် မိဘကို မကူညီပါ။

ဘုရားမရှိခိုးဘဲ အိပ်သည်။

သူငယ်ချင်းများ ဓမ္မစကူးလ်သွားကြ၍ မောင်မောင့်မှာ ကစားဖော် မရှိပါ။

မေမေက ဓမ္မစကူးလ်သွားရန် မောင်မောင့်ကို ပြောသည်။

ဓမ္မစကူးလ်သို့ ရောက်သောအခါ မောင်မောင့်ကို သူငယ်ချင်းများက လှမ်းခေါ်ကြသည်။

ဓမ္မစကူးလ်၏ ပျော်စရာကောင်းပုံများကို အိမ်ရောက်သောအခါ မေမေ့အား ပြောပြသည်။

ဓမ္မစကူးလ်သွားကြစို့

edit

ဓမ္မစကူးလ် ဓမ္မစကူးလ်၊
တရားတွေ သင်တဲ့ ဓမ္မစကူးလ်။
ဓမ္မစကူးလ် သွားမှသာ၊
တရားတွေ သင်ရမှာ။
တရားတွေ သင်ယူဖို့၊
ဓမ္မစကူးလ် သွားကြစို့။ ။