ဓမ္မစကြာဘုရားပင့်

ဓမ္မစကြာဘုရားပင့်
by အမည်မသိ

(ကြေးစည် (၁) ကြိမ်ရိုက်)

အနန္တ ဂုဏသမ္ပန္နော၊ ဓမ္မစက္ကံ သုဒေသိတော။

နာနာဝါဒ ပဒါလေန္တော၊ ဇိနော မေ ဌာတု သီသကေ။

အနန္တ ဂုဏသမ္ပန္နော– စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တနှင့် မှန်စွာမသွေ ပြည့်စုံတော်မူပေထသော။ ဓမ္မစက္ကံ– စကြာရတနာ ပုံပမာသို့ ကမ္ဘာတစ်ခွင် ရပ်အပြင်၌ ဝန်းကျင်လှည့်ပတ် ဓမ္မစကြာတရားတော်မြတ်ကို။ သုဒေသိတော– မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ဖြင့် တင့်အပ်စုံစွာ လမ်းမဟာကို သေချာမသွေ ဟောကြားတော်မူပေထသော။ နာနာဝါဒံ- ထူးလည်ထွေလာ သင်္ချာများပြား အစားစားသော အယူဝါဒကို။ ပဒါလေန္တော- မဇ္ဈိမပဋိပဒါ လမ်းစဉ်မဟာဖြင့် သေချာကိုင်စွဲ ဖောက်ခွဲတော်မူပေထသော။ ဇိနော- ဒေဝပုတ္တ ကိလေသနှင့် ခန္ဓမစ္စု မှတ်ရှုဘိသင်္ခါ မာရ်ငါးဖြာကို ပယ်ခွာကုန်စင် လွယ်ကူစွာ အောင်မြင်တော်မူသည့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ မေ (အမှာကံ)– ဓမ္မစကြာ ဒေသနာတော်ကို သေချာရွတ်မည် စိတ်ကရည်၍ ကြံစည်ကော်ရော် တပည့်တော်တို့၏၊ သီသကေ- ဦးခေါင်းရတနာ မြတ် အင်္ဂါ၌။ ဌာတု- တစ်ရာ့ရှစ်ကွက် ပါဒစက်ဖြင့် လက်လက်ရောင်ခြည် ကွန့်မြူးကာလည်လျက် တည်နေ ရပ်တန့်တော်မူလှည့်ပါ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

(ကြေးစည်ရိုက်၊ သာဓုခေါ်)

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse