နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နည်းဥပဒေများအမှတ် ၃/၈၉

တပ်မတော်နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ  (1989) 

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
တပ်မတော်နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နည်းဥပဒေများအမှတ် ၃/၈၉]
ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်
( ၁၉၈၉ ခုနှစ်၊ မေလ ၁၀ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်း လိုက်သည်။

၁။ ဤနည်းဥပဒေများကို တပ်မတော်နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများဟုခေါ်တွင် စေရမည်။

၂။ တပ်မတော်နည်းဥပဒေများတွင် ပါရှိသည့်-

(က) “ကာကွယ်ရေးဦးစီးချုပ်” ဆိုသည့်စကားရပ်အစား “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(ခ) “သက်ဆိုင်ရာ ဒုတိယကာကွယ်ရေးဦးစီးချုပ်” ဆိုသည့်စကားရပ်အစား “သက်ဆိုင်ရာ ကာကွယ်ရေးဦးစီးချုပ်”
(ဂ) “ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်းတပ်)” ဆိုသည့်စကားရပ်အစား “ကာကွယ်ရေးဦးစီးချုပ် (ကြည်း)”
(ဃ) “ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေတပ်)” ဆိုသည့်စကားရပ်အစား “ကာကွယ်ရေးဦးစီးချုပ် (ရေ)
(င) “ဒုတိယကာကွယ်ရေးဦးစီးချုပ် (လေတပ်)” ဆိုသည့်စကားရပ်အစား “ကာကွယ်ရေးဦးစီးချုပ် (လေ)” ဆိုသည့်စကားရပ်တို့ကို ထည့်သွင်းရမည်။

(ပုံ) စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့