နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၁၀

ချင်းရေးရာကောင်စီ ဖျက်သိမ်းခြင်း  (1962) 

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
ချင်းရေးရာကောင်စီ ဖျက်သိမ်းခြင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၁၀
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်။)

၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက် မွန်းတည့်အချိန်မှစ၍ ချင်းရေးရာကောင်စီကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကျေညာအပ်ပါသည်။ ပြည်နယ်ဦးစီးအဖွဲ့သစ်ဖွဲ့စည်း၍ ပါဝင်မည့်ပုဂ္ဂိုလ်များစာရင်းကို နောက်မှကျေညာမည်ဖြစ်ပါကြောင်း။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။