နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၁၄

တရားဥပဒေနှင့်တရားရုံးများတည်ရှိခြင်း  (1962) 

နိုင်ငံတော် တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
တရားဥပဒေနှင့်တရားရုံးများတည်ရှိခြင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၁၄
၁၃၂၃ ခုနှစ် တပေါင်းလဆန်း ၂ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၇ ရက်။)

နိုင်ငံတော် တော်လှန်ရေးကောင်စီသည်၊ လက်ရှိတရားဥပဒေများ၊ တရားရုံးများနှင့် စပ်လျဉ်း ၍ အောက်ပါအတိုင်းလိုက်နာကြရမည်ဟု ကျေညာလိုက်သည်။

(၁) လက်ရှိတရားဥပဒေအားလုံးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီက မရုပ်သိမ်းသေးသမျှ၊ သို့တည်းမဟုတ် မပြင်သေးသမျှ ဆက်လက်၍ အာဏာတည်စေရမည်။

(၂) တည်ရှိနေသော တရားရုံးအားလုံးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီက တရားရုံးသစ်များ မတည်ထောင်သေးသမျှ ဆက်လက်၍မိမိတို့၏ တရားစီရင်ပိုင်ခွင့်အာဏာများကို သုံးစွဲ ဆောင်ရွက်ရမည်။ အဆိုပါတရားရုံးများတွင် မပြီးမပြတ်သေးသောတရားမမှုများ၊ ရာဇဝတ်မှုများ၊ အခွန်တော်မှုများနှင့် အထွေထွေအမှုများကို ပြီးပြတ်အောင် ဆက်လက်စစ်ဆေးစီရင်ရမည်။ ဤကျေညာချက်သည်၊ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စတင်အာဏာတည်သည်ဟု မှတ်ယူရမည်။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။