နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၂

ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီ အုပ်ချုပ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း  (1962) 
by ဗိုလ်နေဝင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၁၂တွင် ဖြည့်ဆည်းမှုများရှိသည်။

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
(ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီ အုပ်ချုပ်ရေး အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း)
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၂
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်
(၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်။)

ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီမှ တာဝန်ပေးချက်အရ၊ အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော အုပ်ချုပ်ရေး အစိုးရအဖွဲ့ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် နံနက်ပိုင်းတွင်ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ကျေညာအပ်ပါသည်။ အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်များသည်၊ အောက်ဖေါ်ပြပါအတိုင်း၊ ၎င်းတို့ အမည်နှင့်ယှဉ်တွဲဖေါ်ပြထားသော ဝန်ကြီးဌာနများကို တာဝန်ယူဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း။

၁။ ဗိုလ်ချုပ်ကြီး နေဝင်း (တော်လှန်ရေးကောင်စီဥက္ကဋ္ဌ) — ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန။

၂။ ဗိုလ်မှူးချုပ် အောင်ကြီး — ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှု လက်မှုဝန်ကြီးဌာန။

၃။ ဗိုလ်မှူးချုပ် တင်ဖေ — လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန။

၄။ ဗိုလ်မှူးချုပ် သန်းဖေ — ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန။

၅။ ဦးသီဟန် — နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားရေးဝန်ကြီးဌာန၊ အိမ်ယာဆောက်လုပ်ရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန။

၆။ ဗိုလ်မှူးကြီး ကျော်စိုး — ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန။

၇။ ဗိုလ်မှူးကြီး စောမြင့် — ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန။

၈။ ဒု-ဗိုလ်မှူးကြီး ဘနီ — လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန။

ကျေညာချက်တွင် ဖေါ်ပြမထားသေးသော ဝန်ကြီးဌာနများနှင့် ပတ်သက်၍ မည်သည့်ဝန်ကြီးဌာနက ပူးပေါင်းတာဝန်ယူ ဆောက်ရွက်သွားမည်ကို ဆက်လက်ကျေညာမည်ဖြစ်ပါကြောင်း။

နိုင်ငံတော် တော်လှန်ရေးကောင်စီ၏ တာဝန်ပေးချက်ကို ထမ်းဆောင်ရန်အတွက် တာဝန်ယူ ဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များသည်၊ ယခုကျေညာချက်ထုတ်ပြန်ပြီးသည့် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် မွန်းလွဲပိုင်းအချိန်တွင် ဝန်ကြီးဌာနအသီးသီးသို့ သွားရောက်၍ လက်ခံတာဝန်ယူ ဆောင်ရွက်ကြလိမ့်မည်ဖြစ်ကြောင်း။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။