နေမင်းပမာ ဗုဒ္ဓဝန္ဒနာ ဘုရားရှိခိုးဂါထာ

နေမင်းပမာ ဗုဒ္ဓဝန္ဒနာ ဘုရားရှိခိုးဂါထာ
by အမည်မသိ

သူရိယော သူရဘာဝေန သူရိယော ရံသိမာ ဇိနော၊

သူရိယော ဧကိဘာဝေန သူရယံတံ နမာမဟံ။

ယောဇိနော၊ ငါးမာန်ပယ်ဟန့် နိဗ္ဗာန့်သခင် အကြင်ဘုရားရှင်သည်။ သူရဘာဝေန၊ ကေသရီမျိုး တန်ခိုးတောက်လင်း သားမင်းရာဇာကဲ့ပမာသို့ လွန်စွာရဲရင့် အမြဲတင့်၍ ကဲ့မြင့်သိစွာ စွမ်းပကားရှိသည်၏အဖြစ်ကြောင့်။ သူရိယော၊ အရောင်လင်းပြိုင် ဘက်ကင်းသည် နေမင်းအတူ ဖြစ်တော်မူပါပေ၏။ ရံသိမာ၊ ရောက်ခြည်တော်ပန်း ရှု့မခန်းတို့ဖြင့် အဆန်းတကြယ် တင့်တယ်တော်မူသည်ဖြစ်၍ တောက်ပြောင်ဝင်းဝင်း ရှင်နေမင်းနှင့် ဂုဏ်ချင်းခံယူ အလားတူတော်မူပါပေ၏။ ဧကိဘာဝေန၊ စကြာဝဠာ ကမ္ဘာတဝိုက်တွင် ပြိုင်ဘက်တသူ ရှိတော်မမူဘဲ တစ်ဆူတည်းသာ ပွင့်တော်မူလာ သည်၏ အဖြစ်ကြောင့်။ သူရိယော၊ နှစ်စင်းမပြိုင် သတင်းလှိုင်၍ ရောင်ဆိုင်ထိန်လင်း အရှိန်ပြင်းသော နေမင်းအတူ ဖြစ်တော်မူပါပေ၏။ သူရိယံ၊ ရဲရင့်ရောင်ခြည် မှောင်မ သီဘဲ ထူးလည်းပေါ်ထွက် ပြိုင်ဘက်ကင်းမဲ့ ဂုဏ်သတင်းကြောင့် နေမင်းတစ်ဆူ ဖြစ်တော်မူသော။ တံဇိနံ၊ ထိုနေစစ် နေမှန် သူရကန်ဟု သုံးတန်လောက တုမရသည့် လူ့ဘုံထွဋ်ထား မြတ်ဘုရားကို။ အဟံ၊ ခန္ဓာနာမ်ရုပ် သမုတ်ခေါ်ဝေါ် တပည့်တော်သည်။ နမာမိ၊ ရိုသေညွှတ်ဦး အထူးမြတ်နိုး ရှိခိုးပါ၏အရှင်ဘုရား။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse