ပတ်ဝန်းကျင်ကို သန့်ရှင်းပါ

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၈) ပတ်ဝန်းကျင်ကို သန့်ရှင်းပါ
326622ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၁၈) ပတ်ဝန်းကျင်ကို သန့်ရှင်းပါဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၈)

ပတ်ဝန်းကျင်ကို သန့်ရှင်းပါ

edit

သင်္ဘောပျက်၍ ပင်လယ်ထဲ မျောနေသော လူတစ်စုသည် ကျွန်းတစ်ကျွန်းပေါ်သို့ ရောက်လာကြသည်။ ထိုကျွန်းသည် သီးနှံမျိုးစုံရှိ၍ သာယာလှပသည်။ ခေါင်းဆောင်ဖြစ်သူသည် နောက်လိုက်များကို စည်းကမ်းရှိရှိ နေထိုင်ကြရန် ပြောသည်။ စည်းကမ်းမဲ့သူတို့သည် ခေါင်းဆောင်စကားကို နားမထောင်ကြပါ။ အမှိုက်များနှင့် အညစ်အကြေးများကို စည်းကမ်းမဲ့ စွန့်ပစ်ကြသည်။ တစ်ဦးနှင့်တစ်ဦးလည်း ရန်ဖြစ်ကြသည်။ ကျွန်းကြီးသည် ညစ်ပတ်နံစော် လာတော့၏။

ခေါင်းဆောင်နှင့် စည်းကမ်းရှိသူများသည် စည်းကမ်းမဲ့သူများနှင့် မနေလိုတော့သဖြင့် အခြားကျွန်းတစ်ခုပေါ်သို့ ပြောင်းရွှေ့သွားကြ၏။ ကျွန်းစောင့်နတ်များသည် ကျွန်းကို ညစ်ပတ်အောင် ပြုလုပ်သူများအား စိတ်ဆိုးကြသည်။ ကျွန်းကို သန့်ရှင်းသွားစေရန် တန်ခိုးဖြင့် ရေလွှမ်းသွားအောင် ပြုလုပ်လိုက်၏။ စည်းကမ်းမဲ့သူတို့သည် ပင်လယ်ထဲသို့ မျောပါသွားကြသည်။

အမှိုက်ကောက်မယ်

edit

ဒူးကလေးကို ကွေးပြီး လက်ကလေး ဆန့်လိုက်ပါ။
ပုကွကွနဲ့ အမှိုက်ကောက်ရတာ ပျော်စရာပဲကွာ။
ခါးကလေးကိုဆန့်ပြီး အမှိုက်ပုံးရှာစို့ကွာ။
အပြေးကလေးသွားလို့ အမှိုက်ပစ်ကြမယ်။
ဂုဏ်ယူစရာပဲကွာ ...ဟား ဟား ဟား။ ။