ပန်းချီမနိုင် လေးချိုးလတ်
ရွှေပဒုံ ကြာအချပ်ကိုလ၊
လေအဟုန် လာပြီးခတ်စဉ်က၊
ကညာနတ်ထွက်ခဲ့တယ်။
သန္ဓေဘွားဟာမို့၊
ရွှေသားကို ပန်းချီပြင်ပြီး၊
သည်ခင်ကို စုတ်တံနှင့်ရေးသော်လည်း
ဆေးရနိုင်ဖွယ်။
စခန်းနော် လိုရာကွန့်နိုင်တဲ့၊
မန်းပေါ်မှာ ကိုကြာညွန့်သော်မှ
ရွံ့ပါလိမ့်သူ့နိကာယ်လို
ရှိတယ်လို ဟုတ်ပြီဘူး။
တပါးဟန်
သိကြားရယ် မကြာဖန်တော့
ကာရန်မှာ တူမည်ဝေးပါငဲ့
တို့တမေ ခင်ခင်လေးမှာကွယ်
ရှေးကုသိုလ်ထူး။ ။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.
Public domainPublic domainfalsefalse