ပဝါရဏာ အမေး+အဖြေ

ပဝါရဏာ အမေး+အဖြေ
by မြတောင်တိုက်
ဥပုသ် အမေး+အဖြေ
325611ပဝါရဏာ အမေး+အဖြေ — ဥပုသ် အမေး+အဖြေမြတောင်တိုက်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အမေးပုဂ္ဂိုလ်ဆိုရန်

သုဏာတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တကမ္မံ၊ အဟံ အာယသ္မန္တံ (နာဂ) ပဝါရဏံ ပုစ္ဆေယျံ။ (ပုစ္ဆကဉတ်)

အဖြေပုဂ္ဂိုလ်ဆိုရန်

သုဏာတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ အာယသ္မတာ (ဒတ္တေန) ပဝါရဏံ ပုဋ္ဌော ဝိသဇ္ဇေယျံ။ (ဝိဿဇ္ဇကဉတ်)

မေး။ ။ ပဝါရိယန္တေ နိဝါရိယန္တေ ဧတာယာတိ ပဝါရဏာ။

ဧတာယ သမဏစရိယာယ =ဤသို့ ရဟန်းတော်တို့၏ အချင်းချင်း ပြောဆိုဆုံးမခြင်းတည်းဟူသော သမဏဓမ္မ စာရိတ္တ သိက္ခာ အမူအရာဖြင့်။ ပါကကာ =ဆိုးသွမ်းယုတ်မာကုန်သော။ အကုသလာ ဓမ္မာ =အကုသလပါပမိစ္ဆာ ရန်ယုတ်မာတို့ကို။ ပဝါရိယန္တေ =ကောင်းစွာ ပိတ်ဆို့တားမြစ်အပ်ကုန်၏။ ဣတိ-တသ္မာ =ထိုသို့ အကုသလပါပမိစ္ဆာ ရန်ယုတ်မာတို့ကို ကောင်းစွာ ပိတ်ဆို့ တားမြစ်ကြောင်းဖြစ်သော သတ္တိကြောင့်။ ဧတာယာတိ ပဒေန =“ဧတာယ”ဟူသော ကရုဏာပုဒ်ဖြင့်။ နိဒ္ဒိဋ္ဌာ =ညွှန်ပြအပ်သော။ သာ သမဏစရိယာ =ထို ရဟန်းတော်တို့၏ အချင်းချင်း ပြောဆိုဆုံးမခြင်းတည်းဟူသော သမဏဓမ္မ စာရိတ္တသိက္ခာ အမူအရာသည်။ ပဝါရဏာ =ပဝါရဏာမည်၏။

ယင်းသို့ဖွင့်လှစ် ကျူးရင့်မိန့်မှာ ပဝါရဏာကို သမ္မာသမ္ဗုဒ္ဓ သုံးလောကသင်းကျစ် ဓမ္မရာဇ်မှန်ကူ သယမ္ဘူထွဋ်တင် ဘုရားရှင်သည် အဘယ်ပြည်ဌာန အဘယ်ဒေသ၌ သီတင်းသုံး နေတော်မူသောအခါ ခွင့်ပြု ပညတ်တော်မူအပ်ပါသနည်း။

ဖြေ။ ။ “တေန သမယေန ဗုဒ္ဓေါ ဘဂဝါ သဝတ္ထိယံ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ” အစဖြာသဖြင့် ဝိနည်းမဟာဝါ ပဝါရဏာက္ခန္ဓကပါဠိ လာရှိသည်နှင့်အညီ သာဝတ္ထိနဂရ ပြည်ဌာန၌ အနာထပိဏ် ဂုဏ်သိန်ပြန့်မွှေး ရှင်သူဌေးသည် ငါးဆယ့်လေးကုဋေ အသပြာငွေကို မစ္ဆေမဖက် ရက်ရက်ရောရော သဒ္ဓါဇောဖြင့် မက်မောမတွန့် ပေးစွန့်လွှတ်၍ စွတ်စွတ်ကြည်ဖြူ ပေးလှူ ဆောက်လုပ်အပ်သော ဇေတဝန် ဝိဟာရ၌ မျှတကြည်ဖြူ စံနေတော်မူသောအခါဝယ် သုံးလောကမျက်ရှု သဗ္ဗညုသည် ခွင့်ပြု ပညတ်တော်မူအပ်ပါသည် အရှင်ဘုရား။

မေး။ ။ ထိုသို့ ခွင့်ပြုပညတ်တော်မူအပ်သော သမဏဓမ္မ စာရိတ္တသိက္ခာ ပဝါရဏာကို တစ်စုံတစ်ခုသော အမှုအခင်း အကြောင်းရင်းဝတ္ထု ရှိမှသာလျှင် ခွင့်ပြု ပညတ်တော်မူအပ်သည်ဖြစ်၍ အဘယ်သို့သော အမှုအခင်း အကြောင်းရင်းဝတ္ထုကြောင့် ခွင့်ပြုပညတ်တော်မူအပ်ပါသနည်း။

ဖြေ။ ။ “တေန ခေါ ပန သမယေန သမ္ဗဟုလာ သန္ဒိဋ္ဌာ သမ္ဘတ္တာ ဘိက္ခူ ကောသလေသု ဇနပဒေသု အညတရသ္မိံ အာဝါသေ” အစဖြာသဖြင့် မဟာဝါပါဠိ လာရှိသည်နှင့်အညီ ကောသလ တိုင်းသား ရဟန်းများတို့သည် စကားမပြော တုဏီဘောဖြင့် နှီးနှောမရှိ တိတ္ထိယသမာဒါနဖြင့် နေထိုင်ကြခြင်းကို အကြောင်းပြု၍ ထိုသို့ အချင်းချင်း စကားမပြော တုဏီဘောဖြင့် နှီးနှောမရှိ တိတ္ထိယသမာဒါနဖြင့် နေထိုင်ကြသည့် အခြင်းအရာမှာ သူတော်ကောင်းတရားတို့၏ ပေါင်းဖော်နေထိုင်ခြင်း မဟုတ်၊ ကျွဲနွားစသော တိရစ္ဆာန်တို့၏ ပေါင်းဖော်နေထိုင်ခြင်းသာ ဖြစ်သောကြောင့် ထိုရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ “န ဘိက္ခဝေ မူဂဗ္ဗတံ တိတ္ထိယသမာဒါနံ သမာဒိယိတဗ္ဗံ၊ ယော သမာဒိယေယျ၊ အာပတ္တိ ဒုက္ကဋဿ”ဟု သိက္ခာပုဒ်ကို ပညတ်တော်မူပြီးလျှင် “အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ဝုတ္ထာနံ ဘိက္ခူနံ တီဟိ ဌာနေဟိ ပဝါရေတုံ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ” အစဖြာသဖြင့် သမ္မာသမ္ဗုဒ္ဓ အတုလသခင် ဘုရားရှင်သည် အချင်းချင်း စကားမပြော တုဏှီဘောဖြင့် နှီးနှောမရှိ တိတ္ထိယသမာဒါနကို ပြုကျင့်ကြခြင်းဟူသော အမှုအခင်း အကြောင်းရင်း ဝတ္ထုကြောင့် ခွင့်ပြုပညတ်တော်မူ အပ်ပါသည် အရှင်ဘုရား။

မေး။ ။ ထိုသို့ ခွင့်ပြု ပညတ်တော်မူအပ်သော သမဏဓမ္မ စာရိတ္တသိက္ခာ ပဝါရဏာသည် သင်္ချာအရေအတွက်အားဖြင့် အဘယ်မျှ အပြားရှိပါသနည်း။

ဖြေ။ ။ ပဝါရဏာသည် သီတင်းကျွတ်လပြည့်နေ့၌ ပြုအပ်သော ပထမကတ္တိက မဟာပဝါရဏာ၊ တန်ဆောင်မုန်းလပြည့်နေ့၌ ပြုအပ်သော ပစ္ဆိမကတ္တိက စူဠပဝါရဏာ-အားဖြင့် နှစ်ပါး အပြားရှိပါသည် အရှင်ဘုရား။

မေး။ ။ သီတင်းကျွတ်လပြည့်နေ့၌ ပြုအပ်သော ပထမကတ္တိက မဟာပဝါရဏာ၊ တန်ဆောင်မုန်းလပြည့်နေ့၌ ပြုအပ်သော ပစ္ဆိမကတ္တိက စူဠပဝါရဏာ-အားဖြင့် နှစ်ပါး အပြားတို့တွင် ယခုပြုလတ္တံ့သော ပဝါရဏာသည် အဘယ်ပဝါရဏာ ဖြစ်ပါ သနည်း။

ဖြေ။ ။ သီတင်းကျွတ်လပြည့်နေ့၌ ပြုအပ်သော ပထမကတ္တိက မဟာပဝါရဏာ၊ တန်ဆောင်မုန်းလပြည့်နေ့၌ ပြုအပ်သော ပစ္ဆိမကတ္တိက စူဠပဝါရဏာ-အားဖြင့် နှစ်ပါး အပြားတို့တွင် ယခုပြုလတ္တံ့ သော ပဝါရဏာသည် သီတင်းကျွတ်လပြည့်နေ့၌ ပြုအပ်သော ပထမကတ္တိက မဟာပဝါရဏာ ဖြစ်ပါသည် အရှင်ဘုရား။

ပုဗ္ဗကရဏ(၄)ပါး

edit

သီတင်းကျွတ်လပြည့်နေ့၌ ပြုအပ်သော ပထမကတ္တိက မဟာပဝါရဏာ ဖြစ်ခဲ့လျှင်-

မေး။ ။ သမ္မဇ္ဇနီ ပဒီပေါ စ၊ ဥဒကံ အာသနေန စ။ ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကရဏန္တိ ဝုစ္စတိ။ --ဟူ၍ အဋ္ဌကထာဆရာ အရှင်မြတ်တို့ မိန့်မှာတော်မူအပ်သည်နှင့် အညီ ပဝါရဏာအိမ် သိမ်အပြင်၌ တံမျက်လှည်းခြင်းကိစ္စ ပြီးပြီလော့။

ဖြေ။ ။ ပဝါရဏာအိမ် သိမ်အပြင်၌ တံမျက်လှည်းခြင်းကိစ္စ ပြီးပါပြီ အရှင်ဘုရား။

မေး။ ။ ဆီမီးညှိထွန်းခြင်းကိစ္စ ပြီးပြီလော့။

ဖြေ။ ။ ဆီမီးညှိထွန်းခြင်းကိစ္စ ပြီးပါပြီ အရှင်ဘုရား။

(အလင်းရောင် ကောင်းစွာမြင်ရ၍ ဆီမီးမထွန်းလျှင်) “နေတည်းဟူသော အလင်းရောင်ရှိသည်ဖြစ်၍ ဆီမီးညှိထွန်းဖွယ်ကိစ္စမရှိ ပြီးပါပြီဘုရား”ဟု ဖြေပါ။

မေး။ ။ နေရာခင်းခြင်းနှင့်တကွ သောက်ရေ၊ သုံးဆောင်ရေ တည်ထားခြင်းကိစ္စ ပြီးပြီလော့။

ဖြေ။ ။ နေရာခင်းခြင်းနှင့်တကွ သောက်ရေ၊ သုံးဆောင်ရေ တည်ထားခြင်းကိစ္စ ပြီးပါပြီ အရှင်ဘုရား။

အမေးပုဂ္ဂိုလ်ဆိုရန်

သာဓု သာဓု သာဓု။ ဤ(၄)ပါးသော ပြုဖွယ်ကိစ္စတို့ကို သံဃာ မစည်းဝေးမီ ရှေးအဖို့၌ ပြုအပ် ပြုသင့် ပြုထိုက် ပြုကောင်းသည်၏ အဖြစ်ကြောင့် ‘ပဝါရဏာကံ’၏ “ပုဗ္ဗကရဏတို့”ဟူ၍ မိန့်ဆိုတော်မူအပ် ကုန်၏။ ။

ပုဗ္ဗကိစ္စ(၅)ပါး

edit

မေး။ ။ ဆန္ဒပါရိသုဒ္ဓိဥတုက္ခာနံ၊ ဘိက္ခုဂဏာ စ သြဝါဒေါ။ ဥပေါသထဿ ဧတာနိ၊ “ပုဗ္ဗကိစ္စ”န္တိ ဝုစ္စတိ။ --ဟူ၍ အဋ္ဌကထာဆရာ အရှင်မြတ်တို့ မိန့်မှာတော်မူအပ်သည် နှင့်အညီ---

ဆန္ဒဆောင်ခြင်း၊ ပါရိသုဒ္ဓိဆောင်ခြင်း ဆောင်အပ်ပြီးသော ဆန္ဒ+ပါရိသုဒ္ဓိတို့ကို သံဃာတော်အား လျှေက်ထားခြင်းကိစ္စ ပြီးပြီလော့။

ဖြေ။ ။ ခဏ္ဍသိမ်ဖြစ်၍ မဟာသိမ် မဟုတ်သောကြောင့် ဆောင်အပ်ပြီးသော ဆန္ဒ+ပါရိသုဒ္ဓိတို့ကို သံဃာအား လျှေက်ထားဖွယ် ကိစ္စမရှိ ပြီးပါပြီ အရှင်ဘုရား။

မေး။ ။ ဥတုသည် ဂိမှာနဥတု၊ ဝဿာနဥတု၊ ဟေမန္တဥတုအားဖြင့် (၃)ပါးအပြားရှိ၏။ ထို(၃)ပါးသော ဥတုတို့တွင် ယခု ရောက်ဆဲဖြစ်သော ဥတုကား အဘယ်ဥတု ဖြစ်ပါသနည်း။

ဖြေ။ ။ ယခုရောက်ဆဲဖြစ်သော ဥတုကား ( )ဥတု ဖြစ်ပါသည် အရှင်ဘုရား။

မေး။ ။ တစ်ဥတု တစ်ဥတု၌ ရှစ်ပက္ခ ရှစ်ပက္ခ ရှိသည်တို့တွင် လွန်လေပြီးသော ပက္ခကား အဘယ်မျှ၊ ကြွင်းကျန်သေးသော ပက္ခကား အဘယ်မျှ၊ ယခုရောက်ဆဲပက္ခကား အဘယ်ပက္ခ ဖြစ်ပါသနည်း။

ဖြေ။ ။ လွန်လေပြီးသောပက္ခကား ( )ပက္ခ၊ ကြွင်းကျန်သေးသော ပက္ခကား ( )ပက္ခ၊ ယခုရောက်ဆဲဖြစ်သော ပက္ခကား ( ) ပက္ခ ဖြစ်ပါသည် အရှင်ဘုရား။

မေး။ ။ ပဝါရဏာအိမ် သိမ်အပြင်၌ စည်းဝေးညီညာ ကြွရောက်တော်မူ လာကြကုန်သော ရဟန်းတော်တို့၏ အပေါင်းကား အဘယ်မျှ အတိုင်းအရှည် ရှိပါသနည်း။

ဖြေ။ ။ ပဝါရဏာအိမ် သိမ်အပြင်၌ စည်းဝေးညီညာ ကြွရောက်လာကြကုန်သော ရဟန်းတော်တို့၏ အပေါင်းကား ( )ပါး အတိုင်းအရှည် ရှိပါသည် အရှင်ဘုရား။

မေး။ ။ ဘိက္ခုနီမတို့က “အကျွန်ုပ်တို့သည် အဘယ်မထေရ်၏ အထံ၌ အဆုံးအမကို ရပါအံ့လော့”ဟု တောင်းပန် လျှောက်ထားသော စကားကို သံဃာတော်အား လျှောက်ထားခြင်းကိစ္စ ပြီးပြီလော့။

ဖြေ။ ။ ယခုအခါ သာသနာတော်ဝယ် ဘိက္ခုနီမတို့ မရှိသည် ဖြစ်၍ ဘိက္ခုနီမတို့ လျှောက်ထားသော စကားကို သံဃာအား လျှောက်ထားဖွယ်ကိစ္စ မရှိ၊ ပြီးပါပြီ အရှင်ဘုရား။

အမေးပုဂ္ဂိုလ်ဆိုရန်

သာဓု သာဓု သာဓု။ ဤ(၅)ပါးသော ပြုဖွယ်ကိစ္စတို့ကို သံဃာ စည်းဝေးပြီသည်မှနောက် ပဝါရဏာမပြုမီ ရှေးအဖို့၌ ပြုအပ် ပြုသင့် ပြုထိုက် ပြုကောင်းသည်၏ အဖြစ်ကြောင့် ပဝါရဏာကံ၏ “ပုဗ္ဗကိစ္စတို့” ဟူ၌ မိန့်ဆိုတော်မူအပ်ကုန်၏။

ပတ္တကလ္လ အင်္ဂါ(၄)ပါး

edit

မေး။ ။ ပဝါရဏာ ယာဝတိကာ စ ဘိက္ခု ကမ္မပ္ပတ္တာ၊ သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ။

ဝဇ္ဇနီယာ စ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊ “ပတ္တကလ္လ”န္တိ ဝုစ္စတိ။ --ဟူ၍ အဋ္ဌကထာဆရာ အရှင်မြတ်တို့ မိန့်ဆိုတော်မူအပ်သည်နှင့်အညီ ပဝါရဏာသည် သာမညအားဖြင့် တစ်ပါးသာ ဝိသေသအားဖြင့်သော်ကား-

  • စာတုဒ္ဒသီပဝါရဏာ၊ ပန္နရသီပဝါရဏာ၊ သာမဂ္ဂီပဝါရဏာ ဟူ၍ နေ့၏အစွမ်းအားဖြင့် (၃)ပါး။
  • ပုဂ္ဂလပဝါရဏာ၊ ဂဏပဝါရဏာ၊ သံဃပဝါရဏာ-ဟူ၍ ပြုတတ်သော ကာရကပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် (၃)ပါး။
  • တေဝါစိကပဝါရဏာ၊ ဒွေဝါစိကပဝါရဏာ၊ ဧကဝါစိက ပဝါရဏာ-ဟူ၍ ပြုအပ်သော ကတ္တဗ္ဗာကာရ၏ အစွမ်းအားဖြင့် (၃)ပါး။ ဤသို့အားဖြင့် (၉)ပါးအပြား ရှိ၏။

ထို(၉)ပါးသော ပဝါရဏာတို့တွင် ယခုပြုအပ်လတ္တံ့သော ပဝါရဏာသည် နေ့၏အစွမ်းအားဖြင့် အဘယ် ပဝါရဏာ ဖြစ်ပါသနည်း။

ဖြေ။ ။ ယခုပြုလတ္တံ့သော ပဝါရဏာသည်နေ့၏အစွမ်းအားဖြင့် ပန္နရသီ ပဝါရဏာ ဖြစ်ပါသည် အရှင်ဘုရား။

မေး။ ။ ပြုတတ်သော ကာရကပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် အဘယ် ပဝါရဏာ ဖြစ်ပါသနည်း။

ဖြေ။ ။ ပြုတတ်သော ကာရကပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် သံဃပဝါရဏာ ဖြစ်ပါသည် အရှင်ဘုရား။

မေး။ ။ ပြုအပ်သော ကတ္တဗ္ဗာကာရ၏ အစွမ်းအားဖြင့် အဘယ် ပဝါရဏာ ဖြစ်ပါသနည်း။

ဖြေ။ ။ ပြုအပ်သော ကတ္တဗ္ဗာကာရ၏ အစွမ်းအားဖြင့် တေဝါစိကပဝါရဏာ ဖြစ်ပါသည် အရှင်ဘုရား။

မေး။ ။ တေဝါစိကပဝါရဏာ-ဟူ၍ ဆိုအပ်ပြီ။ ထို တေဝါစိက ‘ပဝါရဏာ’ကံအား လျောက်ပတ်ကုန်သော အယုတ်ဆုံး (၄)ပါး၊ (၄)ပါးထက် အလွန်ရှိကုန်သော ပကတတ် ရဟန်းတို့သည် နှစ်တောင့်ထွာ ဟတ္ထပါသ်ကို မစွန့်မူ၍ တစ်သိမ်တည်း၌ တညီတညွတ်တည်း စည်းဝေးတည်နေကြပါ ကုန်ပြီလော့။

ဖြေ။ ။ ထို တေဝါစိက ပဝါရဏာကံအား လျောက်ပတ်ကုန်သော အယုတ်ဆုံး (၄)ပါး၊ (၄)ပါးထက် အလွန်ရှိကုန်သော ပကတတ် ရဟန်းတို့သည် တစ်သိမ်တည်း၌ နှစ်တောင့်ထွာ ဟတ္ထပါသ်ကို မစွန့်မူ၍ တစ်သိမ်တည်း၌ တညီတညွတ်တည်း စည်းဝေး တည်နေကြပါကုန်ပြီ အရှင်ဘုရား။

မေး။ ။ ထိုရဟန်းတို့အား နေ့လွဲသောအခါ ယာဝကာလိက ဘောဇဉ်ကို စားခြင်း အစရှိသော သဘောတူဝတ္ထုကြောင့် သင့်သော အာပတ်မရှိ၊ ကင်းစင်ကြပါကုန်ပြီလော့။

ဖြေ။ ။ အချင်းချင်း ဒေသနာကြားပြီးသည်ဖြစ်၍ သဘောတူ ဝတ္ထုကြောင့်သင့်သော အာပတ်မရှိ၊ ကင်းစင်ကြပါကုန်ပြီ အရှင်ဘုရား။

ဖြေ။ ။ ပဝါရဏာအိမ် သိမ်အပြင်၌ လူအစရှိသော နှစ်ကျိပ်တစ်ယောက်သော ဝဇ္ဇနီယပုဂ္ဂိုလ်တို့ကို သံဃာတို့ဘောင် နှစ်တောင့်ထွာ ဟတ္ထပါသ်မှ အပပြုသဖြင့် ကြဉ်အပ်ပါကုန်ပြီလော့။

ဖြေ။ ။ ပဝါရဏာအိမ် သိမ်အပြင်၌ လူအစရှိသော နှစ်ကျိပ်တစ်ယောက်သော ဝဇ္ဇနီယပုဂ္ဂိုလ်တို့ကို သံဃာတို့ဘောင် နှစ်တောင့်ထွာ ဟတ္ထပါသ်မှ အပပြုသဖြင့် ကြဉ်အပ်ပါကုန်ပြီ အရှင်ဘုရား။

အမေးပုဂ္ဂိုလ်ဆိုရန်

သာဓု သာဓု သာဓု။ ဤ(၄)ပါးသော အင်္ဂါနှင့် ပြည့်စုံသော ပဝါရဏာကံကို “ပတ္တကလ္လမည်၏”ဟူ၍ မိန့်ဆိုတော်မူအပ်ကုန်၏။

ပုဗ္ဗကရဏ,ပုဗ္ဗကိစ္စာနိ သမာပေတွာ ဒေသိတာပတ္တိကဿ သမဂ္ဂဿ ဘိက္ခုသံဃဿ အနုမတိယာ ပဝါရဏာ ဉတ္တိံ ဌပေတုံ အာရာဓနံ ကရောမ။

သံဃာတော်များ။ ။ သာဓု သာဓု သာဓု။

အဇ္ဈေသနဉတ်

edit

သုဏာတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တကမ္မံ၊ အဟံ အာယသ္မန္တံ (နာဂံ) ပဝါရဏာဉတ္တိဌပနံ အဇ္ဈေသေယျံ။

တောင်းပန်ရန်

edit

သံဃော ဘန္တေ အာယသ္မန္တံ (နာဂံ) ပဝါရဏာဉတ္တိဌပနံ အဇ္ဈေသတိ။ ဌပေတု အာယသ္မာ (နာဂေါ) ပဝါရဏာ ဉတ္တိံ။

ဒုတိယမ္ပိ သံဃော ဘန္တေ အာယသ္မန္တံ (နာဂံ) ပဝါရဏာဉတ္တိဌပနံ အဇ္ဈေသတိ။ ဌပေတု အာယသ္မာ (နာဂေါ) ပဝါရဏာ ဉတ္တိံ၊

တတိယမ္ပိ သံဃော ဘန္တေ အာယသ္မန္တံ (နာဂံ) ပဝါရဏာဉ တ္တိဌပနံ အဇ္ဈေသတိ။ ဌပေတု အာယသ္မာ (နာဂေါ) ပဝါရဏာ ဉတ္တိံ။

ပဝါရဏာဉာတ် (အဖြေပုဂ္ဂိုလ် ဆိုရန်)

edit

သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇ ပဝါရဏာ ပန္နရသီ၊ ယဒိ သံဃဿ ပတ္တကမ္မံ၊ သံဃော ပဝါရဏံ ပဝါရေယျ။

သံဃာတော်များ။ ။ သာဓု သာဓု သာဓု။

ပဝါရဏာပြုပုံ ပါဠိ (ထေရ်စဉ်ဝါလိုက် ပြုရန်)

edit

(သီတင်းကြီး)

သံဃံ အာဝုသော ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ၊ ဝဒန္တု မံ အာယသ္မန္တော အနုကမ္မံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။ (ဒုတိယမ္ပိ၊ တတိယမ္ပိ သုံးခေါက်ဆို)

(သီတင်းငယ်)

သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ၊ ဝဒန္တု မံ အာယသ္မန္တော အနုကမ္မံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။

(ဒုတိယမ္ပိ၊ တတိယမ္ပိ သုံးခေါက်ဆို)

ပဝါရဏာ အမေး+အဖြေ ပြီး၏။