ဖားတလက်

မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၃၀။ ဖားတလက်
327079မောင်ခွေးဖို့ ကဗျာများ — ၃၀။ ဖားတလက်မင်းသုဝဏ်

ကလက်တက်တက် ကလက်တက်
လယ်ကန်သင်းက ဖားတလက်။
ဖားတလက်လေး သူတို့အော်
နေဝင်ချိန်ကို ရောက်ပြီနော်။
ကောက်စိုက်အဖော် လယ်သူမ အိမ်ပြန်ဖို့ရန် စီစဉ်ကြ။
ဂဒူး ဆောင်းကာ ပီလမ
ဟင်းရွက်ခူးလို့ အားမရ။
မိုးချုပ်တော့မယ် အော်တော့မှ
ပြေးကြလွှားကြ မှောင်ရီစ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse