ဗုဒ္ဓဘာသာ မိသားစု

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၈။ ဗုဒ္ဓဘာသာ မိသားစု
326577ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၁၈။ ဗုဒ္ဓဘာသာ မိသားစုဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၈)

ဗုဒ္ဓဘာသာမိသားစု

edit

သားတို့အိမ်မှာ ဖေဖေက ဗုဒ္ဓဘာသာပါ။ မေမေကလည်း ဗုဒ္ဓဘာသာပါ။

ကိုကိုနဲ့ မမကလည်း ဗုဒ္ဓဘာသာပါ။ ။ သားလည်း ဗုဒ္ဓဘာသာပါ။

ဒါ့ကြောင့် သားတို့ မိသားစုလေးဟာ ဗုဒ္ဓဘာသာမိသားစုလေးပါ။

တိုးတိုးနှင့်မေမေ

edit

တိုးတိုးသည် မေမေ့ဘေးတွင် စာထိုင်ဖတ်နေပါသည်။ တိုးတိုးက မေမေ့ကို လှမ်းကြည့်လိုက်သည်။

“မေမေ့ကို သား မေးစရာတစ်ခု ရှိတယ်။ ဘာဖြစ်လို့ ဗုဒ္ဓဘာသာလို့ ခေါ်ကြ တာလဲ မေမေ”

“ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးနေထိုင်တဲ့သူတွေကို ဗုဒ္ဓဘာသာလို့ ခေါ်တယ် .. သားရဲ့”

“ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေက ဘာတွေလဲ မေမေ”

“မကောင်းတာတွေ မလုပ်ရဘူး၊ ကောင်းတာတွေကို လုပ်ရမယ်၊ စိတ်ကို ဖြူစင်အောင်ထားရမယ်။ အဲဒါတွေက ဘုရားရှင်ရဲ့ အဆုံးအမတွေဖြစ်တယ် သားလေးရဲ့”