မကောင်းမှုများ ရှောင်ရှားမယ်

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၅။ မကောင်းမှုများ ရှောင်ရှားမယ်
326929ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၁၅။ မကောင်းမှုများ ရှောင်ရှားမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၅)

မကောင်းမှုများ ရှောင်ရှားမယ်

edit

ရှေးအခါက ကျေးရွာများသို့ လှည့်လည်ပြီး ဆေးကုသနေသော ဆေးဆရာတစ်ယောက် ရှိပါသည်။ တစ်နေ့သောအခါ ရွာတစ်ရွာတွင် မျက်မမြင် သူဆင်းရဲမတစ်ယောက်ကို တွေ့ပါသည်။ သူဆင်းရဲမက သူ၏ မျက်စိကို ကုသပေးပါရန် ပြောပြီး မျက်စိပြန်မြင်ပါက ဆေးဆရာထံတွင် အလုပ်အကျွေးပြုမည်ဖြစ်ကြောင်း ကတိပေးခဲ့လေသည်။ ။

ဆေးဆရာသည် သူဆင်းရဲမ၏ ကတိစကားကြောင့် မျက်စိပြန်မြင်အောင် ကုသပေးခဲ့သည်။ သူဆင်းရဲမသည် မျက်စိပြန်မြင်သော်လည်း အမှန်အတိုင်း ပြောပါက အလုပ်အကျွေးပြုရမည်ကို စိုးရိမ် သောကြောင့် “မျက်စိများ မမြင်ရသေးပါ၊ ပို၍ ဆိုးလာပါသည်”ဟု လိမ်ညာပြောဆိုလေသည်။

ဆေးဆရာသည် သူဆင်းရဲမ လိမ်ညာနေကြောင်းကို သိသဖြင့် မျက်စိကန်းစေသည့်ဆေးကို ခတ်ပေး ခဲ့လေသည်။ ထို့ကြောင့် သူဆင်းရဲမ၏ မျက်စိများ ပူလောင်ပြီး ပေါက်ထွက်ကုန်ပါတော့သည်။ ဆေးဆရာ သည်လည်း သူဆင်းရဲမကို မျက်စိကန်းအောင် ပြုလုပ်ခဲ့သည့် အကုသိုလ်ကြောင့် မြတ်စွာဘုရားရှင် လက်ထက်တွင် မျက်စိမမြင်သော ရဟန်းတစ်ပါး ဖြစ်သွားရလေသည်။

ကာယဒုစရိုက် (၃) ပါး

edit

(၁) ပါဏာတိပါတ (သူတစ်ပါးကို ညှဉ်းဆဲခြင်း၊ သတ်ဖြတ်ခြင်း)
(၂) အဒိန္နာဒါန (သူတစ်ပါးဥစ္စာကို ခိုးယူခြင်း)
(၃) ကာမေသု မိစ္ဆာစာရ (သူတစ်ပါးသားမယားကို လွန်ကျူးပြစ်မှားခြင်း)။