မင်းမြတ်အနော်ရထာ

326620ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၁၆) မင်းမြတ်အနော်ရထာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၆)

မင်းမြတ်အနော်ရထာ

edit

အနော်ရထာမင်းသည် မြန်မာ့သမိုင်းတွင် ထင်ရှားသော သာသနာပြုမင်းတစ်ပါးဖြစ်သည်။ အနော်ရထာမင်းကြီး မင်းမပြုမီက ပုဂံပြည်တွင် မှားယွင်းသော ကိုးကွယ်မှုများ ကြီးစိုးနေခဲ့သည်။

ပုဂံပြည်သို့ ဗုဒ္ဓသာသနာ သယ်ဆောင်လာသော မွန်ရဟန်းတော် အရှင်အရဟံ၏ ကျေးဇူးကြောင့် အနော်ရထာမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြသည်။

အနော်ရထာမင်းကြီးသည် မွန်ဒေသမှ ပိဋကတ်သုံးပုံကို ပုဂံပြည်သို့ ပင့်ဆောင်ခဲ့၏။ စေတီပေါင်းများစွာကိုလည်း တည်ထားကိုးကွယ်ခဲ့သည်။ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်တော်မူနိုင်ခဲ့သည်။ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော စေတီတော်များအနက် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် တည်ရှိသော ရွှေစည်းခုံစေတီတော်သည် အထင်ရှားဆုံးဖြစ်သည်။

အနော်ရထာမင်းကြီးသည် အုတ်ခွက်ဘုရားများကိုလည်း ကိုယ်တိုင်သွန်းလုပ် ပူဇော်ခဲ့လေသည်။