မယ်ကာဠီ

326932ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၁၈။ မယ်ကာဠီဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၈)

မယ်ကာဠီ

edit

ဂုဏ်တော်ကိုးပါး ဘုရားရှိခိုး

၁။ ကိလေသာကင်းစင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၂။ တရားသိမြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၃။ သိကျင့်စုံလင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၄။ ကောင်းသောစကားဆင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၅။ လောကသိမြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၆။ ယဉ်ကျေးအောင်ပဲ့ပြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၇။ ဆရာသခင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၈။ သစ္စာသိမြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၉။ တန်ခိုးစုံလင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။

ရှေးအခါက မယ်ကာဠီဟူသော အမျိုးသမီးလေးတစ်ဦး ရှိပါသည်။ သူသည် မိဘနှစ်ပါးကို ပြုစု လုပ်ကျွေးနေသူ ဖြစ်၏။ မယ်ကာဠီသည် တစ်နေ့လုပ်မှ တစ်နေ့စားရသူဖြစ်သောကြောင့် နေ့စဉ် အလုပ် မအားနိုင်ရှာပေ။

တစ်နေ့တွင် မြတ်စွာဘုရားရှင်သည် မယ်ကာဠီတို့နေထိုင်ရာ ဗာရာဏသီမြို့သို့ ကြွလာတော် မူသည်။ တိုင်းသူပြည်သားများသည် မြတ်စွာဘုရား၏ တရားပွဲများသို့ သွားရောက်ပြီး တရားနာယူကြသည်။ မယ်ကာဠီသည်လည်း မြတ်စွာဘုရားရှင်ကို သွားရောက်ဖူးမြော်လိုသော ဆန္ဒရှိပါသည်။ သို့သော် အလုပ် မအားသဖြင့် သွားရောက်ဖူးမြော်နိုင်ခြင်း မရှိခဲ့ပါ။

တစ်နေ့သောအခါ မယ်ကာဠီသည် အလုပ်လုပ်နေရာမှ မောပန်းသဖြင့် သစ်ပင်ရိပ်တွင် ခဏနားနေ သည်။ ထိုစဉ် ဘုရားရှင်ထံမှ တရားနာယူပြီး ပြန်လာသူနှစ်ယောက်သည်လည်း ထိုသစ်ပင်ရိပ်မှာပင် နားနေကြ၏။ သူတို့သည် ဘုရားရှင်၏ ဂုဏ်တော်များကို ကြည်နူးစွာ ပြန်လည်ပြောဆိုနေကြသည်။ မယ်ကာဠီသည် ထိုသူနှစ်ဦး ပြောကြားနေသော စကားများကို ကြားပြီး မြတ်စွာဘုရားရှင်ကို ပို၍ ကြည်ညို လေးစားသွားခဲ့သည်။ အိမ်ရောက်သောအခါ သူကြားခဲ့ရသော ဘုရားရှင်၏ ဂုဏ်တော်များကို မိဘများအား ပြန်လည် ပြောပြလျက် ကြည်နူးဝမ်းသာနေခဲ့သည်။ နောက်ရက်တွင် အလုပ်ရှင်သူဌေးကြီးသည် အလှူ အထိမ်း အမှတ်အဖြစ် အလုပ်သမားများအား တစ်ရက်တာ အားလပ်ခွင့်ပေးလိုက်သည်။ မယ်ကာဠီသည် အလွန်ပျော်ရွှင်သွားပြီး ဘုရားရှင်ကို သွားရောက်ဖူးမြော်ကာ တရားနာယူခဲ့လေသည်။ ထိုအခါ ဘုရားရှင်က မယ်ကာဠီကို တစ်ဆင့်စကားဖြင့် ဘုရားရှင်ကို ကြည်ညိုသူများထဲတွင် အမြတ်ဆုံးဖြစ်သူအဖြစ် ဧတဒဂ်ဘွဲ့ကို ချီးမြှင့်တော်မူလိုက်လေသည်။