မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု -၂

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၂၈။ မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု
325513ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၂၈။ မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၂၈။ အရှင်မဟာမောဂ္ဂလာန်မထေရ် ဝတ္ထု

ယဿာလယာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာမောဂ္ဂလာန်မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်မောဂ္ဂလာန်အား တဏှာမရှိကြောင်း

(ဝတ္ထုကား ရှေး ရှင်သာရိပုတ္တရာဝတ္ထုနှင့် တူသည်သာလျှင်တည်း။ ဤဝတ္ထု၌ကား မြတ်စွာဘုရားသည် အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်၏ တဏှာကင်းသည်အဖြစ်ကို မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။)

ဒေသနာတော်

[၄၁၁] ယဿာလယာ န ဝိဇ္ဇန္တိ အညာယ အကထံကထီ။
အမတောဂဓ မနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာလယာ၊ တဏှာတို့သည်။ န ဝိဇ္ဇန္တိ ၊ မရှိကြကုန်။ အညာယ၊ မဂ်ဉာဏ်ဖြင့် လွန်စွာသိ၍။ အကထံကထီ၊ ရှစ်ပါးသောဝတ္ထုလျှင် တည်ရာရှိသော ယုံမှားခြင်းဖြင့် သို့လောသို့လောဟု တွေးတောယုံမှားခြင်းမရှိ။ အမတောဂဓံ၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သည်ဖြစ်၍။ အနုပ္ပတ္တံ၊ အစဉ်အားဖြင့်ရောက်သော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်မဟာမောဂ္ဂလာန်မထေရ် ဝတ္ထုပြီး၏။