မဟာမြတ်မုနိဘုရားကြီး

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၁။ မဟာမြတ်မုနိဘုရားကြီး
326925ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၁၁။ မဟာမြတ်မုနိဘုရားကြီးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁)

မဟာမြတ်မုနိဘုရားကြီး

edit

မဟာမြတ်မုနိဘုရားကြီးသည် မန္တလေးမြို့တွင် အထင်ရှားဆုံး ဘုရားကြီးတစ်ဆူ ဖြစ် ပါသည်။ ရခိုင်မင်းအဆက်ဆက် ကိုးကွယ်ပူဇော်ခဲ့သောကြောင့် မဟာမြတ်မုနိဘုရားကြီးကို ရခိုင်ဘုရားကြီးဟုလည်း ခေါ်ကြသည်။ ဘိုးတော်မင်းတရားကြီး၏ သားတော် အိမ်ရှေ့မင်းသား သီဟသူရက ဘုရားကြီးကို ရခိုင်ပြည်နယ်မှ ပင့်ဆောင်ခဲ့သည်။ ဘုရားကြီး၏ ဉာဏ်တော် အမြင့်မှာ ၁၁ ပေနှင့် ၆ လက်မရှိပြီး ပလ္လင်တော်အမြင့်မှာ ၇ ပေ ရှိပါသည်။

ရွှေဝါရောင်နတ်သမီး

edit

ရှေးအခါက သူဌေးကြီးတစ်ဦးတွင် အလွန်ချောမောလှပသော မိဝါအမည်ရှိ သမီးလေးတစ်ဦး ရှိလေသည်။ မိဝါလေး၏ မိဘများသည် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ကြသည်။ ရွာဦးစေတီတော်နှင့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကုသိုလ်ကောင်းမှုများ ပြုလေ့ရှိကြသည်။ ထိုသို့ ပြုလုပ်ရန် မိဘများက ခေါ်သော်လည်း မိဝါလေးက လိုက်လေ့မရှိပေ။ ကုသိုလ်ကောင်းမှု မလုပ် လိုသော သမီးလေးအတွက် မိဘများ စိတ်မကောင်းဖြစ်နေကြသည်။ တစ်နေ့တွင် မိဝါလေး အပြင်း အထန် ဖျားလေသည်။ အလွန်ကျွမ်းကျင်သော ဆေးဆရာများ ပင့်ပြီး ကုသသော်လည်း မသက်သာခဲ့ပေ။

ထိုအခါမှ မိဝါလေးသည် စေတီတော်ကို ဖူးမြော်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် မိဘများကို စေတီတော်သို့ လိုက်ပို့ပေးရန် ပြောသည်။ မိဘများသည် အလွန်ဝမ်းသာသွားပြီး ဘုရားပူဇော်ရန် ပန်းနံ့သာ များ၊ အမွှေးတိုင်နှင့် ဖယောင်းတိုင်များ ပြင်ဆင်ပေးကြသည်။ အားလုံး အဆင်သင့်ဖြစ်သောအခါ မိဝါလေးသည် မိဘများနှင့်အတူ စေတီတော်သို့ သွား၍ ဆီမီး၊ အမွှေးတိုင်နှင့် ပန်းနံ့သာတို့ကို ရိုသေစွာ ကပ်လှူပူဇော်လေသည်။ မိဝါလေးသည် ထိုကဲ့သို့ တစ်ကြိမ်တစ်ခါသာ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် နောက်ဘဝတွင် နတ်ပြည်၌ ရွှေပြာသာဒ်ကြီးကို ပိုင်ဆိုင်သော ရွှေဝါရောင်နတ်သမီး လေးတစ်ပါး ဖြစ်သွားရလေသည်။