မိန်းမမြတ် တေးထပ်

မိန်းမမြတ် တေးထပ်
by လယ်တီပဏ္ဍိတ ဦးမောင်ကြီး

လှရုပ်သွင် ဆန်းမူလ၊
စန်းရူပ မြတ်စွာ၊
ဂွမ်းတူလ ဖဿာ၊
နတ္ကညာ အေသြး၊
နွေဂိမ္မ အငွေ့ခံလျှင်၊
ရေ့သဏ္ဌာန် ချမ်းမြလို့အေး။

ဟေမန္တပြောင်းအလာ၊
ဆောင်းအခါ ကိုယ်နွေး၊
ကောင်းသာမာ ဂုဏ်သူဌေးဟာမို့၊
ကြုံသေးက မက်ရန်၊
လင့်အရင် အစောထပါလို့၊
သဘောကျ ကျင့်တတ်လေပြန်။

အိပ်စားမှု နောက်ချန်တယ်၊
ကြောက်ဟန်လို့ ထံပါးက၊
ပန်ကြားလျက် ပြုံးလေံဝါစာ၊
သုံး၍သာယာ၊
လင့်ပြင်ဖြင့် မကြည့်ရှာသည်၊
ဘရိယာ ခေါင်ဆုံးပလေး။ ။