မိုက်မဲသောသား

326952ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၃၇။ မိုက်မဲသောသားဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၇)

မိုက်မဲသော သား

edit

ရှေးလွန်လေပြီးသောအခါက ရွာတစ်ရွာ၌ လက်သမားသားအဖနှစ်ယောက်ရှိလေသည်။ ဖခင် လက်သမားကြီးသည် သူ့သား၏ ဉာဏ်ရည်ချို့တဲ့မှုကို စိတ်မကောင်းဖြစ်နေမိသည်။ တစ်နေ့သ၌ တံခါး လုပ်ရန် သစ်သားချောင်းများကို ဖြတ်နေသော ဖခင်လက်သမားကြီး၏ နဖူးတွင် ခြင်တစ်ကောင် ကိုက်နေသည်။ ထိုအခါ လက်သမားကြီးသည် သူ့သားကို “သားရေ .. အဖေနဖူးမှာ ခြင်ကိုက်နေလို့ လာမောင်းပေးစမ်းပါ”ဟု ပြောလိုက်သည်။

သားသည် “အဖေ . ခဏနော်”ဟု ပြောပြီး ခြင်မောင်းရန် ပစ္စည်းလိုက်ရှာသည်။ ထိုအခါ အနီးမှာရှိသော ပုဆိန်တစ်လက်ကို တွေ့ပြီး ဖခင်အနားကို သွားခဲ့သည်။ လက်သမားကြီးသည် သူ၏ အလုပ်ကို အာရုံစိုက်နေသောကြောင့် သားကို သတိမထားမိခဲ့ပါ။ သူ၏သားသည် “ကဲဟာ”ဟု ဆိုပြီး ပုဆိန်ဖြင့် ခြင်ကို အားကုန်လွှဲရိုက်လိုက်သည်။ ထိုအခါ လက်သမားကြီးသည် သား၏ ပုဆိန်ရိုက်ချက်ဖြင့် ထိုနေရာမှာပင် ကွယ်လွန်သွားခဲ့သည်။

ထိုအခါမှ သားဖြစ်သူလည်း ပုဆိန်ကို လွှင့်ပစ်ပြီး ဖခင်ကြီးကို ဖက်လျက် ငိုကြွေးလေသည်။ ဖခင်ကြီးကို သေစေလိုစိတ် မရှိသော်လည်း ယခုကဲ့သို့ ဖြစ်သွားသောကြောင့် သားသည် အလွန်စိတ် ထိခိုက်သွားလေသည်။