မိုးကမ္မဝါစာတမ်း/လူတို့ဆောင်ရွက်ရန် စီမံချက်

မိုးကမ္မဝါစာတမ်း
by လယ်တီဆရာတော်

လူတို့ဆောင်ရွက်ရန် စီမံချက်

322948မိုးကမ္မဝါစာတမ်း —

လူတို့ဆောင်ရွက်ရန် စီမံချက်

လယ်တီဆရာတော်

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး စီမံတော်မူအပ်သော

မုံရွာမြို့နယ်မှာ မိုးအလွန်ခေါင်နေသည်ဟု ဆရာတော် ကြားသိရသောကြောင့် ဝါဆိုလပြည့် စနေနေ့တွင် မိုးပရိတ်တော်ကြီး ရွတ်ကြရန် စီမံချက်ကို မုံရွာမြို့ (လယ်တီတိုက်) သို့ ပေးပို့လိုက်သည်။

ထိုနေ့သို့ ရောက်သောအခါ မြို့ရွာနေ လူအများတို့က မိုးနတ် များကို ပူဇော်ပသကြကုန်ရမည်။

ပသပုံကား

၁။ သက်သတ်မပါသော ထမင်း, ဟင်း, မုံ့ ပဲ သရေစာ၊ အုန်း, ငှက်ပျော, ဆေး, ကွမ်း, လက်ဖက်, သစ်ဝလံ, ပန်းမာလ်များစုံလင်စွာနှင့် ပွဲ-၇-ခု ပြုလုပ်၍ တစ်ပွဲမှာ ဘုရားပူဇော်ရန်။
၂။ တစ်ပွဲမှာ သီတ ဝလာဟကနတ်များ ပူဇော်ရန်။
၃။ တစ်ပွဲမှာ ဥဏှ ဝလာဟကနတ်များ ပူဇော်ရန်။
၄။ တစ်ပွဲမှာ အဗ္ဘ ဝလာဟကနတ်များ ပူဇော်ရန်။
၅။ တစ်ပွဲမှာ ဝါတ ဝလာဟကနတ်များ ပူဇော်ရန်။
၆။ တစ်ပွဲမှာ ဝဿ ဝလာဟကနတ်များ ပူဇော်ရန်။
၇။ တစ်ပွဲမှာ ပဇ္ဇုန္န နတ်များပူဇော်ရန်။

ဟု အသီးအသီး လိပ်ကမ္ဗည်းရေးထိုး၍ ဘုရားရှေ့မှာ ခင်းကျင်း ကြပြီးလျှင် ထိုနတ်များကို် ပင့်ခေါ်ကြရမည်။

ပင့်ခေါ်ပုံကား

“အို-မိုး၏ဆိုင်ရာ ဝလာဟကနတ်, ပဇ္ဇုန္နနတ်, မိုးရပ် ပျော်ပါး နတ်မင်းများတို့--အကျွန်ုပ်တို့က ပင့်ခေါ်ကြပါကုန် သည်၊ ညီညာဖြဖြ လာရောက်ကြပါကုန်လော၊ အကျွန်ုပ်တို့က ပသပူဇော်ကြကုန်သော ပူဇော်သကာများကိုလည်း ကြည်ဖြူစွာ ခံယူသုံးဆောင်ကြပါကုန်လော၊ ရဟန်း သင်္ဃာတော်များ ရွတ် ဖတ်သော မိုးပရိတ်တော်ကြီးများကိုလည်း နာယူကြပါကုန်လော့၊ လယ်ယာ ချောင်းကန် တင့်ဖြိုးလျှံအောင် မိုးများကိုလည်း အရေထန်စွာ ရွာစေကြပါကုန်လော”

ဟု အသံကျယ်စွာနှင့် ဤစာကို ၃-ခေါက် ရွတ်ဖတ်ကြရမည်၊ ၎င်း နောက် ညနေ ၆-နာရီ အချိန်ကျမှ ထိုပူဇော်သကာပွဲများကို စုပေါင်း၍ လယ်တီတောရှိ အမနုဿများကိုပါ များစွာကျွေးမွေးကြရမည်။

( ဤကား လူတို့ဆောင်ရွက်ရန်စီမံချက်တည်း။ )

--------------