မြစ်ဘွဲ့ လေးချိုး ခွန်းထောက်

မြစ်ဘွဲ့ လေးချိုး ခွန်းထောက်
by အမည်မသိ ရှေးစာဆို
(ဂီတဝိသောဓနီ မူ)

မြသားငယ်တဲ့ရေယမုန်။
ငွေလှိုင်းတွေဖြူစွာနှင့်၊
မြစ်ဧရာနဒီကြောမှာ၊
မျောကြဒိုက်ပုံ။

ကြူဝါးရုံ၊
တူစုံကွဲ့သာမော (ဖော်နှော)။

ဘုံမတီးငယ်နှင့် (ဘုံပတီးရယ်နှင့်)၊
ငှက်ကြီးရွှေဝံဘိုတို့ရယ်
အိုကွယ် ... စီးခို (ဝဲခို) လို့မျော။ ။


မှတ်ချက်

  • ကွင်း ( ) အတွင်းရှိ စာသားများမှာ ဦးပြုံးချို၏ မဟာဂီတပေါင်းချုပ်မူဖြစ်ပြီး မြစ်ဘွဲ့-သဖြန်လေးချိုး ဟု ရေးထားပါသည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse