မြေခွေးနှင့်ပေါင်းသင်းမိသော ခြင်္သေ့

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၄။ မြေခွေးနှင့်ပေါင်းသင်းမိသော ခြင်္သေ့
326593ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၃၄။ မြေခွေးနှင့်ပေါင်းသင်းမိသော ခြင်္သေ့ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၄)

မြေခွေးနှင့် ပေါင်းသင်းမိသော ခြင်္သေ့

edit

မနောဇမည်သော ခြင်္သေ့လေးသည် တောအုပ်အတွင်း၌ မိသားစုနှင့် ပျော်ရွှင်စွာ နေ၏။

တစ်နေ့တွင် သူသည် စိတ်ထားမကောင်းသော မြေခွေးနှင့် ပေါင်းမိလေသည်။

ဖခင်ခြင်္သေ့ကြီးက သားငယ်ခြင်္သေ့ကို မြေခွေးနှင့် မပေါင်းသင်းရန် ဆုံးမ၏။ မနောဇက ဖခင်စကားကို နားမထောင်ခဲ့ပေ။

မြေခွေးက တိုက်တွန်းသည့်အတွက် မနောဇသည် ဘုရင်၏ မြင်းများကို ကိုက်သတ်၍ အတူခိုးစားကြသည်။

မနောဇသည် ဘုရင်၏ မြင်းများကို ဖမ်းနေစဉ် လေးသမားတို့ ပစ်လိုက်သော မြားထိမှန်ခဲ့ရသည်။ ခြင်္သေ့သေပြီဟု ထင်ပြီး မြေခွေးယုတ်က ထွက်ပြေးသွားသည်။

ဒဏ်ရာများနှင့် ပြန်ရောက်လာသော မနောဇကို ဖခင်က နောင်အခါ လူမိုက်နှင့်မပေါင်းရန် သနားကြင်နာစွာ ဆုံးမခဲ့လေသည်။

မနောဇခြင်္သေ့လေး

edit

မနောဇ တဲ့ ခြင်္သေ့ငယ်၊
မြေခွေးမိုက်နဲ့ ပေါင်းမိတယ်။
မိဘစကား သူပယ်ရှား၊
ဘေးဒဏ်သင့်မှ နောင်တပွား။
မောင်ညီငယ်များ တို့တစ်တွေ၊
သူမိုက်များနဲ့ ကင်းအောင်နေ။
ဖေဖေမေမေ ဆိုစကား၊
ခြင်္သေ့ငယ်လို မပယ်ရှား၊
တို့တစ်တွေ လွန်လေးစား။