မွန်ရာဇဝင်/အခန်း-၁၂

မွန်ရာဇဝင်  (1785) 
ဟံသာဝတီပြည်တွင် စိုးစံတော်မူသော ဗညားဦးအကြောင်း

ဟံသာဝတီမြို့တွင် ဆင်ဖြူရှင် ဗညားဦးသည် ၅၄ နှစ် မင်းပြု၍ ကိုယ်တွင် ရောဂါနာတာရှည်ရှိသည်နှင့် သီရိမဟာမာယာမိဘုရားတွင် သား မင်းဗသုံဟူ၍ တယောက်ရသည်။ နောက် ၁၀ နှစ်တိုင်၍ ဗညားနွဲ့ဘွဲ့ကို ခံသည်။ သည်မင်းသား ငယ်ရွယ်စဉ်ကပင် မယ်တော်ကွယ်လွန်၍ ခမည်းတော် ဆင်ဖြူရှင်မင်းနှမ မဟာဒေဝီ မွေးသဖြင့် ကြီးပြင်းရသည်။ မဟာဒေဝီသည် တူမလင် မရူကို ကြည်ဖြူစိတ်မက်မော၍ မြောက်မပြုလေသည်။ ဗညားနွဲ့လည်း ကြီးမြင့်၍ ပြင်မှာနေရသည်နှင့် မရူကို မင်းပြုစိမ့်မည်ဟု မဟာဒေဝီမိထွေးသည် စိတ်ရှိကြောင်းကို ဗညားနွဲ့သိ၍ နတ်တို့ပြအပ်သော လူထွက် မင်းကန်စီကို တိုင်ပင်နှီးနှော၍ ဆင် ၂ စီးနှင့် လူ ၁၀၀ ကျော် ညဉ့်ကိုထွက်၍ ဒဂုန်မြုိ့သို့ ပြေးနေလေသည်။ ဒဂုန်သို့ရောက်လျှင် လူထွက် မင်းကန်စီနှင့် စာပေစီကုံး၍ ခမည်းတော် ဆင်ဖြူရှင်အမတ်ကြီး ဗညားဖြတ်ဇကို အလိုက်အလံမခန့်ရအောင် မပြတ်ပို့ဆက်၍ ဒဂုန်မြို့မှာ ၆ နှစ်မျှ နေသည်။