မှန်မှန်ကန်ကန် ပြောဆိုပါ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၄။ မှန်မှန်ကန်ကန် ပြောဆိုပါ
326583ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂၄။ မှန်မှန်ကန်ကန် ပြောဆိုပါဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄)

မှန်မှန်ကန်ကန် ပြောဆိုပါ

edit

သစ်ခုတ်သမားလေး

ပုဆိန်ပျောက်၍ ငိုနေသော သစ်ခုတ်သမားလေးအား မြစ်စောင့်နတ်က ရွှေပုဆိန်ကို ပြ၍ “ဒါ သင့်ပုဆိန်လား”ဟု မေးသည်။ သစ်ခုတ်သမားလေးက “မဟုတ်ပါ”ဟု အမှန်အတိုင်း ဖြေ၏။ ငွေပုဆိန်ကို ပြ၍ “ဒါ သင့်ပုဆိန်လား”ဟု မေးပြန်၏။ သစ်ခုတ်သမားလေးက “ မဟုတ်ပါ”ဟု ဖြေ၏။ သံပုဆိန်ကို ပြ၍ မေးသောအခါမှသာ “ဒါ ကျွန်ုပ် ပုဆိန်ဖြစ်ပါတယ်”ဟု ဝမ်းသာအားရ ဖြေ၏။

ထိုအခါ မြစ်စောင့်နတ်က ရိုးသားသော သစ်ခုတ်သမားလေးကို ပုဆိန် (၃) လက်လုံး ပေးလိုက်လေသည်။

မှန်တာကိုပဲ ပြောကြမယ်

edit

လိမ်တယ်ညာတယ် ဆိုတာရယ်
မကောင်းပါဘူးကွယ်။
ဘုရားရှင်လည်း မကြိုက်
မိဘဆရာလည်း မကြိုက်
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံးကကွယ် (မကြိုက်) ။
မှန်မှန်ကန်ကန် ပြောတာရယ်
အလွန်ကောင်းတာပေါ့ကွယ်
ဘုရားရှင်လည်း ကြိုက်
မိဘဆရာလည်း ကြိုက်
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံးကကွယ် (ကြိုက်) ။ ။