ရတနာပူရမှာ တေးထပ်

ရတနာပူရမှာ တေးထပ်
by အချုပ်တန်း ဆရာဖေ

ရတနာပူရမှာ၊
ဆင်ဖြူများသခင်၊
တဒင်္ဂသမင်ကို၊
မဆင်ခြင်လိုက်မှား၊
မန်းသိန္ဒုတောင်စဉ်နွယ်သည်၊
အောင်ပင်လယ် တော၌ကစား။

လက်ျာရစ်ခရုငွေကို၊
သမုဆွေဆောင်သွား၊
နုပီယေစကားနှင့်၊
လှည့်ဖျားတဲ့ဇော်ဂျီ၊
လက်ဖျစ်သံတချက်တီးရုံနှင့်၊
နတ်သမီးဆင်းကျရသည်။

မေထုနသံဝါမှီသည်၊
ရုဿတီကွယ်ပ လို့၊
တဒင်္ဂဆင်ဖြူရှင်၊
ရူးလေသည့်သွင်၊
သည်ကသို့ဖြစ်ထုံးတင်လျှင်၊
ချစ်တုံးတွင်ခွဲပါနှင့်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse