ရွှေသမင်မောင်နှမ

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၀။ ရွှေသမင်မောင်နှမ
326934ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၂၀။ ရွှေသမင်မောင်နှမဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂ဝ)

ရွှေသမင်မောင်နှမ

edit

ရှေးအခါက တောအုပ်ကြီးတစ်ခုတွင် ရွှေသမင်တစ်ကောင် ရှိလေသည်။ ရွှေသမင်သည် သမင် ခေါင်းဆောင်ဖြစ်ပြီး ညီငယ်၊ နှမငယ်တို့နှင့်အတူ မျက်မမြင်မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေပါသည်။ ။ တစ်နေ့တွင် ရွှေသမင်သည် သမင်များနှင့်အတူ ရေသောက်ဆင်းရင်း ကျော့ကွင်းမိသွားခဲ့သည်။ သို့ သော် အခြားသမင်များ ထိတ်လန့်သွားကြမည်ကို စိုးရိမ်သဖြင့် အော်ဟစ်ခြင်းမပြုဘဲ ငြိမ်နေလိုက်သည်။ သမင်အားလုံး ရေသောက်ပြီးသောအခါမှသာ ကျော့ကွင်းမှလွတ်အောင် ရုန်းပါတော့သည်။ ကျော့ကွင်းက ခိုင်လွန်းသည့်အတွက် အသားအရေများ စုတ်ပြတ်ပြီး အရိုးထိသွားသဖြင့် အော်ဟစ်မိလေသည်။ ထိုအခါ သမင်များသည် ကြောက်လန့်ပြီး ထွက်ပြေးသွားကြလေသည်။ ။

ညီဖြစ်သူသမင်သည် ကျော့ကွင်းမိနေသော ရွှေသမင်ထံသို့ ပြန်လာပြီး “အစ်ကိုနှင့်အတူ အသက် အသေခံမည်”ဟု ဆိုလေသည်။ ထိုစဉ် နှမဖြစ်သူ သမင်မလည်း အစ်ကိုများကို မတွေ့ရသဖြင့် လိုက်ရှာရာ ကျော့ကွင်းမိနေသော အစ်ကိုရွှေသမင်ကို တွေ့မြင်သွားခဲ့သည်။ နှမဖြစ်သူလည်း ရွှေသမင်အနားတွင်ပင် နေ လေသည်။ ရွှေသမင်က “မျက်မမြင် မိဘနှစ်ပါးသည် ပြုစုလုပ်ကျွေးသူမရှိလျှင် သေဆုံးကုန်ပါလိမ့်မည်၊ ပြန် ကြပါ”ဟု ပြောသည်။ သို့သော် သူတို့သည် အစ်ကိုဖြစ်သူ ရွှေသမင်၏အနီးမှ ထွက်ခွာမသွားခဲ့ကြပါ။ မုဆိုးရောက်လာသောအခါ အံ့သြဖွယ်မြင်ကွင်းကို တွေ့မြင်သွားခဲ့သည်။ ညီနှင့်နှမဖြစ်သူ သမင် တို့အား “သင်တို့သည် ကျော့ကွင်းမမိပါဘဲလျက် အဘယ့်ကြောင့် ထွက်မပြေးဘဲ နေကြသနည်း”ဟု မေးလေ သည်။ ထိုအခါ ညီငယ်သမင်က “မုဆိုးကြီး ... ကျွန်ုပ်တို့သည် တစ်မိတည်းက မွေးသော မောင်နှမများ ဖြစ်သည့်အတွက် အစ်ကိုတစ်ဦးတည်း မထားခဲ့နိုင်ပါ၊ အကျွန်ုပ်၏ အစ်ကိုသည် သမင်များကို အုပ်ချုပ်နေသူ၊ သီလရှိသူ ဖြစ်ပါ၏၊ ထို့အပြင် မျက်မမြင်မိဘနှစ်ပါးကိုလည်း လုပ်ကျွေးနေသူ ဖြစ်ပါသည်”ဟု ပြန်ပြောလေ သည်။

မုဆိုးကြီးသည် ရွှေသမင်မောင်နှမ၏ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာမှုကို နှစ်သက်သဘော ကျပြီး ကျော့ကွင်းမှ လွှတ်ပေးလိုက်လေသည်။ ရွှေသမင်မောင်နှမသည် မျက်မမြင်မိဘ နှစ်ပါးကို ပြုစုလုပ် ကျွေးရင်း အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်သွားခဲ့ကြလေသည်။